အားပေးကြမ်းချက်ပဲနော်


အာဂျင်တီးနားနိုင်ငံက ဘောလုံးပြိုင်ပွဲတစ်ခုမှာ ကွင်းလယ်ဒိုင်လူကြီးဟာ ကစားသမား အချို.ကို အနီကတ်ပြခဲ့မိတာကြောင့် အသင်းပရိသတ်တွေရဲ. ဝိုင်းဝန်းထိုးကြိတ်မှုကို ခံလိုက်ရပါတယ်။


ဖြစ်စဉ်ကတော့ စတုတ္ထတန်း အမှတ်ပေးပြိုင်ပွဲက ဆာမီယန်တိုအသင်းနဲ့ ဆန်ဆိုင်နာ အသင်းတို့ရဲ့ ပွဲစဉ်မှာ ဖြစ်ပွားသွားခဲ့တာပါ။ ကွင်းလယ်လူ  ကလောက်ဒီယို ဟာ အိမ်ရှင်အသင်းဖြစ်တဲ့ ဆာမီယန်တိုအသင်းကို ပင်နယ်တီကန်ခွင့် မပေးခဲ့တာမို့ ကစားသမားတွေက စောဒက တက်ခဲ့ကြပါတယ်။ အဲ့နောက် ဧည့်သည်အသင်းက ဂိုးသွင်းသွားချိန်မှာ အိမ်ရှင်အသင်း ကစားသမားတွေရဲ. စောဒက တက်မှုဟာ ပိုပြီး ဆိုးရွားလာပါတယ်။


ဒါကြောင့် သူက ကစားသမားအချို.ကို အနီကတ်ပြ ထုတ်ပယ်ခဲ့ရပါတယ်။ အဲ့ဒီအတွက် ပရိသတ်က မကျေမနပ်ဖြစ်ပြီး ကွင်းထဲဆင်းလာကာ ဝိုင်းဝန်းထိုးကြိတ်ကြတာမို့ သူဟာ သေလုနီးပါး ဖြစ်သွားခဲ့ရပြီး အညိုအမည်းစွဲတဲ့ ဒဏ်ရာတွေအပြင် ပြန်ချုပ်ရအောင်ထိ ပြင်းတဲ့ ဒဏ်ရာတွေလည်း ရသွားခဲ့တာပါ။ လုံခြုံရေးတွေရဲ. အကူအညီနဲ့ သူ့ကို ကွင်းအတွင်းကနေ မနည်းကယ်ထုတ်ခဲ့ရတာပါ။


အင်တာဗျူးတစ်ခုမှာတော့ သူက ကျွန်တော့်မှာ ကလေးသုံးယောက်ရှိကြောင်း ၊ ဖြစ်စဉ်အတွက် ကျွန်တော်ဘာမှ ပြန်ပြီး မတုံ့ပြန်နိုင်ခဲ့ပဲ အိမ်ရောက်မှ မိန်းမကို ဖက်ပြီး ငိုခဲ့ရပါတယ်လို့ ဆိုပါတယ်။ အခုတော့ ဒဏ်ရာတွေက သက်သာစ ပြုပါပြီလို့ ဆိုပါတယ်။

Source : Mirror

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations