သူက အံ့သြလို့ ဖြစ်သွားတာလို့ ဆိုပါတယ်။


အင်ဒရူးဝှစ်တနေ အမည်ရှိ နာမည်ကျော် MMA ပြိုင်ပွဲဝင် တိုက်ခိုက်ရေးသမားဟာ ပြိုင်ဘက်နဲ့ ထိုးသတ်ပြီး ပွဲပြီးချိန်မှာ ဒိုင်လူကြီးက ပြိုင်ဖက်ဖြစ်တဲ့ ဖက်ဖ်ဟတ်ရှာရီပို့ဗ် ကို အနိုင်ပေးလိုက်တာမို့ အံ့အားသင့်ကား သူ့နံဘေးက ကြိုးဝိုင်းမော်ဒယ်ကို လက်သီးနဲ့ ထိုးခဲ့မိပါတယ်။


အဲ့ဒီနေ့က ပြိုင်ပွဲအပြီးမှာ ထုံးစံအတိုင်း ကွင်းလယ်ဒိုင်က ကစားသမားနှစ်ဦးရဲ. လက်ကို ကိုင်ထားပြီး အနိုင်ရရှိသူအဖြစ် ကြေငြာခံရသူရဲ. လက်ကို ထောင်ပြဖို့ အသင့် ရှိနေတာပါ။ ဝှစ်တနေဟာ သူအနိုင်ရမယ်လို့ အပိုင်တွက်ဆထားပေမယ့် အနိုင်ရရှိသူအဖြစ် ရှာရီဗို့ဗ်ကို ကြေငြာလိုက်ချိန်မှာ ချက်ခြင်းဆိုသလိုပဲ သူ့အနောက်က ကြိုးဝိုင်းမော်ဒယ်ကို ထိုးလိုက်မိတာပါ။


ဒါပေမယ့် သူမှားမှန်း သိသိချင်း ဝှစ်တနေဟာ အမျိုးသမီးကို ချက်ခြင်း ပြန်လှည့်ဆွဲဖမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မိန်းကလေးဟာဆိုရင် အခုတော့ ပြန်လည် သက်သာလာပြီ ဖြစ်ပေမယ့် သူအထိုးခံလိုက်ရတာကို အံ့သြတကြီး ဖြစ်နေဆဲပါ။

Source : Daily Mail

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations