ကယ်လဖိုးနီးယားပြည်နယ်က ကယ်ဗင်လီကိုဟာ Game of War ဂိမ်းထဲက item တွေ ဝယ်ယူဖို့ ပိုက်ဆံ သန်းနဲ့ချီပြီး အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် ဒီငွေတွေဟာ သူ့ငွေတွေတော့ မဟုတ်ပါဘူး ။ သူဟာ အသက် ၄၅ နှစ်ရှိပြီဖြစ်ကာ Holt စက်ယန္တယားကုမ္ပဏီမှာ လုပ်ကိုင်သူဖြစ်ကာ ခရက်ဒစ်ကတ်တွေကို အလွဲသုံးစားလုပ်ပြီး ငွေတွေကို ခိုးယူခဲ့တာပါ။ သူဟာ အဲ့ကုမ္ပဏီမှာ စာရင်းကိုင်ချုပ် လုပ်ကိုင်သူပါ ။ သူက ဂိမ်းအတွက်သုံးခဲ့ရုံတင်မဟုတ်ပဲ ၊ အားကစားပြိုင်ပွဲလက်မှတ်တွေ ၊ ဇိမ်ခံကားနဲ့ ပလက်စတစ်ဆာဂျရီတောင် လုပ်ခဲ့ပါသေးတယ်။
သူ့အနေနဲ့ ငွေကြေးလိမ်လည်မှု ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုထားပြီး ၊ ယခုပြစ်မှုအတွက် ထောင်ဒဏ် နှစ် ၂၀ လောက် ကျခံရနိုင်ကြောင်း သိရပါတယ်။
Source : Metro
Facebook Conversations