ဒီလိုမိဘမ်ိဳးကေတာ့ ရွားမွရွားပါပဲ


ကိုယ်ဝမ်းနဲ့ လွယ်ပြီး မွေးထားတဲ့ သားသမီးကို ရောင်းချတယ်ဆိုတာဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် တရုတ်နိုင်ငံက ငယ်ရွယ်တဲ့ မိဘနှစ်ပါးမှာ အမှန်ပဲ ဖြစ်ခဲ့ပါတယ်။


Li Lin နဲ့ Li Juan အမည်ရှိ စုံတွဲတစ်တွဲဟာ သူတို့ဂိမ်းကစားပြီး ဂိမ်းဖိုးရှင်းဖို့ ပိုက်ဆံမရှိတော့တာကြောင့် ကလေးနှစ်ယောက်ကို ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့သလို ၊ နောက်ထပ်ဂိမ်းကြွေးတွေ များလာချိန်မှာ အကြီးဆုံးကလေးကို ဒေါ်လာ ၄၆၀၀ နဲ့ ထပ်ပြီး ရောင်းခဲ့ပြန်သေးတယ်လို့ သတင်းတွေအရ သိရပါတယ်။


သူတို့နှစ်ဦးစလုံးဟာ တစ်ချိန်လုံး ဂိမ်းကစားနေသူတွေ ဖြစ်ကြပြီး ဘာအလုပ်မှလည်း မလုပ်ကြပဲ အကြွေးတွေ တက်လာချိန်မှာ ကလေးတွေကို ရောင်းပစ်လိုက်တာပါ ။ သူတို့ဖူးစာကလည်း ၂၀၀၇ ခုနှစ်တုန်းက ဂိမ်းဆိုင်မှာတွေ့ပြီး ချစ်ကြိုက်ကာ ယူခဲ့ကြတာ ဖြစ်ပါတယ်။


ကလေးတွေကို မွေးပြီးချိန်မှာလည်း ဘာအလုပ်မှ မလုပ် ဂိမ်းတွေသာ ကစားနေကြပြီး ၊ ကလေးတွေကို အဘွားဖြစ်သူက ထိန်းသိမ်းစောင့်ရှောက် ထားရပါတယ်။ အခုလည်း ကလေးတွေကို ရောင်းချလိုက်တာကြောင့် အလွားဖြစ်သူက ရဲတွေကို တိုင်ကြားခဲ့တာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations