မဖြစ်မနေဖတ်ထားသင့်

မျက်လုံးအကြည့်နဲ့ ဂရုစိုက်ပေးမှု

မျက်လုံးအကြည့်နဲ့ ဂရုစိုက်ပေးမှု


ချစ်တင်းနှောချိန်မှာ သင်ဟာ သင့်အဖော်ကို ဂရုတစိုက်ရှိနေ သင့်ပါတယ် ၊ သင်တစ်ယောက်တည်း လွင့်မျောနေတာမျိုး မလုပ်သင့်ပါဘူး ။ အတူတူရှိနေကြောင်း သင့်အဖော်သိအောင် ဂရုတစိုက်ရှိပေးဖို့ လိုအပ်ပါတယ်။ သူမနဲ့ မျက်လုံးချင်းစုံအောင် ကြည့်ပြီး ချစ်မြတ်နိုးမှု ကြင်နာမှု ဂရုစိုက်မှုတို့ကို ဖော်ပြပေးနိုင်အောင် ကြိုးစားပါ။ 

လေ့ကျင့်ခန်း


သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းဟာ သင့်ရဲ. အိပ်ယာတွင်း စွမ်းဆောင်ရည်ကို တိုးတက်စေမှာ အမှန်ပါပဲ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင့်ကို လိင်ပိုင်းဆိုင်ရာ ခံစားမှုကို ထူးခြားကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက်ပေါ့ ။ 

လိင်ပိုင်းဆိုင်ရာ ကြွက်သားများကို လေ့ကျင့်ခြင်း


လိင်ပိုင်းဆိုင်ရာ ကြွက်သားအနေနဲ့ သီးသန့်မရှိပေမယ့် ၊ လိင်မှုကိစ္စကို အထောက်အကူပေးနိုင်တဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးဖို့ အထူးလိုအပ်ပါတယ်။ သင့်ရဲ. လက်မောင်း ၊ ခါး ၊ ဝမ်းဗိုက်နဲ့ ဆီးခုံကြွက်သားတို့ဟာ ချစ်တင်းနှောရာမှာ အဓိက အလုပ်လုပ်ရတဲ့ နေရာတွေ ဖြစ်တာမို့ Kegel လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ. လိင်အဂါင်္ကြွက်သားတွေအတွက် ဆီးသွားရင်း ညှစ်ပေးတဲ့ လေ့ကျင့်ခန်းမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

အိပ်စက်ခြင်း


အိပ်ရေးအပျက်မခံပါနဲ့ ၊ စိတ်သောကများနေရင်လည်း ချစ်တင်းနှောလိုစိတ်ကို လျှော့ကျစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ရှစ်နာရီ အိပ်စက်ပြီး စိတ်ဖိစီးမှု ကင်းစင်အောင် ကြိုးစားနေထိုင်ပါ။ 

သင္ယူပါ


သင့်အနေနဲ့ သင်ပြုမူချင်သလို ပြုမူနေတာမျိုး မလုပ်ပဲ ၊ သင့်အဖော်ကို ဘယ်လိုအနေအထားက စိတ်ကျေနပ်မှု ဖြစ်စေသလည်း စုံစမ်းမေးမြန်းပြီး သူကျေနပ်အောင်လည်း ပြုမူပေးပါ

ပတ်ဝန်းကျင်


စိတ်အေးလက်အေး အနားယူလို့ရမယ့် နေရာမျိုး ဖြစ်သင့်ပါတယ် ။ ဒါ့အပြင် သပ်ရပ်သန့်ရှင်းတဲ့ အိပ်ယာမျိုး ဖန်တီးထားနိုင်ရင် ပိုကောင်းပါတယ် ။ တိုးညှင်းတဲ့ ဂီတသံမျိုးဟာလည်း သင့်အတွက် အထောက်အကူ ဖြစ်စေမှာပါ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations