လူစိတ္မရွိတာ :(


စက္ကန့် ၄၀ သာ ကြာမြင့်တဲ့ ဒီထိတ်လန့်ဖွယ် ဗီဒီယိုဟာ တရုတ်လူမှုကွန်ယက်မှာ ရေပန်းစားနေပါတယ်။ ဗီဒီယိုထဲမှာတော့ အသေးစားဆိုင်ကယ်ကို စီးနင်းထားတဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာနဲ့ လဲနေတဲ့ ကလေးငယ်ရဲ. ခြေထောက်တွေကို တက်ကျိတ်ပစ်လိုက်တာပါ။


အနီးမှာတော့ အခြားသော ကလေးငယ်တစ်ဦးလည်း ရှိနေပြီး ကလေးငယ်က ဆိုင်ကယ်စီး အမျိုးသမီးကို ထပ်မလုပ်ဖို့ တောင်းပန်နေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒါကို ဂရုမစိုက်ခဲ့ပါဘူး။ ဒေါသထွက်နေဟန်ရှိတဲ့ အမျိုးသမီးဟာ ကလေးငယ် အော်ဟစ်နေတဲ့ကြားကပဲ တက်ကျိတ်လိုက်တာပါ။


ဒေသတွင်း သတင်းမှတ်ချက်တွေအရ ကလေးငယ်ဟာ အသက် ၅ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒီဖြစ်စဉ်ကတော့ Yangjiangမြို.  Guangdong ဒေသမှာ ဖြစ်ပွားသွားခဲ့တာလို့ ယူဆရပါတယ်။ ဒီဗီဒီယိုထဲက အမျိုးသမီးဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ရှာဖွေမှုတွေ ပြုလုပ်နေဆဲပါပဲ။


အင်တာနက် အသုံးပြုသူတွေကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အမျိုးသမီးကို ဆိုးဆိုးရွားရွား ဝေဖန်နေကြပါတယ်။ အချို.က သူက လူမှ ဟုတ်ရဲ.လား ၊ တစ်ချိန်ချိန် သူကလေးရလာရင်ရော သူ့ကလေးကို ဒီလိုလုပ်မှာပဲလား စသဖြင့် ဝေဖန်နေတာပါ။ အချို.ကလည်း အမျိုးသမီး တူသော အကျိုးပေးပါစေဆိုပြီး ကျိန်ဆဲနေတာကိုေ တွ့ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations