သင္သိပါသလား ?
အာရှတလွှားက အသားအရောင်စုံသော အမျိုးသမီးတွေဟာ အသားဖြူစေတဲ့ အလှကုန်တွေကို အသုံးပြုကြတာ မဆန်းလှပေမယ့် အမျိုးသားအများစုဟာလည်း အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုကြတယ်လို့ သိရပါတယ်။
အာရှတလွှားက အသားအရောင်စုံသော အမျိုးသမီးတွေဟာ အသားဖြူစေတဲ့ အလှကုန်တွေကိုု အသုံးပြုကြတာ မဆန်းလှပေမယ့် အမျိုးသားအများစုဟာလည်း အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုကြတယ်လို့ သိရပါတယ်။
ရှေးယခင်တုန်းကတော့ အသားဖြူသူတွေထက် အလယ်အလတ် အသားအရည်ကသာ ယောကျင်္ားပီသတယ်လို့ သတ်မှတ်ခဲ့ကြရာကနေ ၊ ယနေ့ခေတ်မှာတော့ အသားဖြူတာဟာ ပိုမိုပြီး လူကြိုက်များလာတာပါ။ အခြားဖော်ပြချက်တစ်ခုမှာတော့ အသားဖြူတာဟာ လူ့အဆင့်အတန်းနဲ့လည်း သွားသက်ဆိုင်သလို ခံယူလာကြတာပါ။
၂၀၁၂ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်မှာတော့ အသားဖြူခြင်း မဖြူခြင်းဟာ လူတစ်ဦးချင်းရဲ. အနေအထားကို ဖော်ပြနိုင်တယ်လို့ လူအချို.က အလွယ်တကူ ယူဆကြပါသတဲ့ ၊ ကြည်လင်တဲ့ အသားအရည်ပိုင်ရှင်တွေကို လူတွေက အခွင့်ထူးခံ လူတန်းစားတစ်ရပ်လို့ အလွယ်တကူ ယူဆပြီး အသားအရည် မည်းတဲ့လူတွေကိုတော့ သာမန်အလုပ်သမားတစ်ဦးလို့ အလွယ်တကူ ယူဆကြကြောင်း သိရပါတယ်။ဒီလို အလွယ်တကူ ကောက်ချက်ဆွဲတဲ့ အယူအဆဟာ နိုင်ငံတစ်နိုင်ငံကနေ အခြားတစ်နိုင်ငံ ၊ မျိုးဆက်တစ်ခုကနေ အခြားမျိုးဆက်တစ်ခု ပြန့်နှံခဲ့ပြီး ယနေ့ခေတ်မှာတော့ ရေပန်းစားနေပါပြီ။ 
၂၀၁၅ ခုနှစ်က လေ့လာချက်အရ လူတန်းစား အလွှာအသီးသီးက အမျိုးသား တက္ကသိုလ်ကျောင်းသားတွေကြားမှာ အသားဖြူစေတဲ့ အလှကုန်တွေကို အသုံးပြုမှုဟာ ရေပန်းစားပါတယ်တဲ့ ။ ထိုင်းနိုင်ငံမှာဆိုရင် ကျောင်းသား ၆၉.၅ ရာခိုင်နှုန်းက အသားဖြူစေတဲ့ အလှကုန်တွေကို အသုံးပြုပြီး ၊ ဖိလစ်ပိုင်နိုင်ငံက အမျိုးသားကျောင်းသား ၂၅.၄ ရာခိုင်နှုန်းဟာလည်း အသုံးပြုပါသတဲ့။
ဘယ်လိုပဲ အသားဖြူတဲ့လူတွေ ရေပန်းစားလာတယ်ဆိုဆို အသားလတ်သူတွေဟာလည်း ရေပန်းစားနေဆဲပါပဲ ။ သင်က အသားလတ်တယ်ဆိုရင်တော့ လူအများကြား သတိထားမိစရာ ဖြစ်ပြီး ၊ အကျိုးထူး အမှန်ပဲ ရှိပါသေးတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations