သူမက အသက် ၁၇ ပဲ ရှိပါသေးတယ်


အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ. ကျန်ရှိနေသေးတဲ့ ဘဝတစ်သက်တာကို သံတိုင်တွေရဲ.နောက်မှာ ကုန်ဆုံးရဖို့ ရှိနေတာပါ ။ သူမကတော့ မီချီကန်က Lestina Marie Smith ဖြစ်ပြိး အမျိုးသားတစ်ဦးကို ဓါးနဲ့ထောက်က အဓမ္မကျင့်ခဲ့ခြင်းအတွက် အခု ပြစ်ဒဏ်ကို ကျခံရမှာပါ။


ဖြစ်စဉ်ကတော့ Saginaw မြို.မှာ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ဖြစ်ပွားခဲ့မှုပါ ။ အာဏာပိုင်တွေရဲ. အဆိုအရ သူမဟာ ကျူးလွန်ခံရသူ အမျိုးသားကို ဓါးနဲ့ထောက်ပြီး သူမရဲ. ဓမ္မတာမဟုတ်တဲ့ အဂါင်္ကို ဆက်ဆံဖို့ အတင်းအကျင် စေခိုင်းခဲ့တယ်လို့ သိရပါတယ်။ ကျူးလွန်ခံရတဲ့ အမျိုးသားရဲ. အမည်ကိုတော့ ဥပဒေအရ ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။ 


ယခုဖြစ်စဉ်ကြောင့် သူမဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ်တစ်သက် ကျခံရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ. အကြောင်းကို လူမှုကွန်ယက်မှာ လူပြောများနေပြီး ၊ သူမရဲ. ဖေ့စ်ဘုခ်စာမျက်နှာမှာ သူမကို ထောက်ခံအားပေးသူတွေလည်း ရှိနေတာကို သိရပါတယ်။

Source : Mirror

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations