လက်ရှိမှာ ဒီပမာဏကြောင့် သူ့အနေနဲ့ ဘာမှ လုပ်မရပါဘူး


Roberto Esquivel Cabrera ဟာ အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်ကာ မက္ကဆီကိုနိုင်ငံက ဖြစ်ပါတယ် ၊ များစွာသော သတင်းတွေအရ သူ့ကို ကမ္ဘာ့အကြီဆုံး လိင်တံပိုင်ရှင်လို့ အသိအမှတ်ပြုထားပါတယ်။ သူ့ရဲ. အတိုင်းအတာဟာ ၁၈.၉ လက်မရှိတယ်လို့ သိရပြီး ၊ ဒါကို ခွဲစိတ်ကုမှု ပြုလုပ်ဖို့ ဆေးပညာရှင်တွေက ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ ငြင်းပယ်ခဲ့ပါတယ်။


သူဟာ ၂၀၁၅ ခုနှစ်တွေတုန်းက သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံရပြီး အတော်လေးကို လူစိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ. လိင်အဂါင်္အတိုင်းအတာဟာ အမည်ရိကန်မင်းသား Jonah Falcon ထက် ပိုကြီးပြီး ၊ သူ့အဂါင်္အရွယ်အစားဟာ အဲ့တုန်းက ပုံမှန်အချိန် ကိုးလက်မခွဲနဲ့ ထောင်မတ်ချိန်မှ ၁၃.၅ ထိ ရှိတယ်လို့ သိရပါတယ်။ 


သူက ကျွန်တော်က ကမ္ဘာ့ အဂါင်္အကြီးဆုံးသူအဖြစ် နာမည်ကြီးမှန်းသိပါတယ် ၊ ဒီအခြေအနေကို ဘယ်သူမှ ပိုင်ဆိုင်မထားဘူးဆိုတာလည်း ကျွန်တော်သိပါတယ် ၊ ဒီအတွက်လည်း ကျွန်တော်ပျော်ပါတယ်လို့ သူက ပြောပါတယ်။ သူက သူ့အနေနဲ့ Guinness Book မှာ မှတ်တမ်းဝင်ချင်ပေမယ့် သူ့ကို အသိအမှတ်မပြုကြဘူးလို့ ဆိုပါတယ်။


ဆရာဝန်တစ်ဦးဖြစ်တဲ့ Jesus David Salazar Gonzalez က ကျွန်တော်တို့ သူ့ကို ဒီအဂါင်္အရွယ်အစားကနေ ပုံမှန်အနေအထား ဖြစ်အောင် ခွဲစိတ်ဖို့ အကြံပေးထားပါတယ် ၊ ဒါမှသာ သူ့အနေနဲ့ ပုံမှန်အတိုင်း နေထိုင်နိုင်မှာ ဖြစ်ပြီး ချစ်တင်းနှောလို့လည်း ရမှာပါ ၊ အခုအနေအထားနဲ့ကတော့ ဘာမှ လုပ်မရဘူးလို့ ဆိုပါတယ ်၊ ဒါကို သူ့က လက်မခံခဲ့ပါဘူး ။ 


သူက အခုလို ကြီးမားတဲ့ လိင်အဂါင်္ပိုင်ဆိုင်ထားခြင်းကြောင့် ဆိုးကျိုးကို ခံစားနေရသူလည်း ဖြစ်ပါတယ် ။ ဒီအခြေအနေကြောင့် သူဟာ ဆီးသွားရခက်ခဲတာ ၊ အိပ်ဖို့ ခက်ခဲတာ ၊ ပြေးလွှားလို့မရတာမျိုးတွေ ဖြစ်ပွားသလို ချစ်တင်းနှောလို့လည်း မရပါဘူး ။ သူ့အနေနဲ့ ချစ်တင်းနှောဖို့ အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပေမယ့် တစ်ကြိမ်မှာတော့ သူ့အဖော်က မြင်တာနဲ့ ထွက်ပြေးသွားပြီး နောက်တစ်ဦးကလည်း ဘယ်လိုမှ ဆက်ဆံဖို့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

Source : The Sun

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations