

သြစတြေးလျနိုင်ငံမှာ ဂီတဗီဒီယိုတစ်ခု ရိုက်ကူးနေရင်း အသက် ၂၈ နှစ်အရွယ် စတန့်မင်းသား Johann Ofner ဟာ ဘားဆိုင်တစ်ခုထဲမှာ သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ 


ဖြစ်စဉ်ကတော့ သီချင်းကို ပုံဖော်ရိုက်ကူးနေစဉ်မှာပဲ သေနတ်အချို.က မတော်တဆ ကျည်ထွက်ပြီး မင်းသားရဲ. ဝမ်းဗိုက်ကို ထိမှန်သေဆုံးခဲ့ရတာလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဘယ်တေးဂီတအဖွဲ့ရဲ. သီချင်းကို ရိုက်ကူးတယ်ဆိုတာ ထုတ်မပြောထားပေမယ့် သတင်းတွေအရတော့ ဟစ်ဟော့ပ်အဖွဲ့တစ်ခု ဖြစ်တဲ့ Bliss N Eso အဖွဲ့ရဲ. တေးသီချင်းကို ရိုက်ကူးစဉ်ဖြစ်ပွားတာလို့ သိရပါတယ်။ ဒါ့အပြင် Bliss N Eso အဖွဲ့ကလည်း မင်းသားသေဆုံးကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။


ဒါပေမယ့်လည်း အခင်းဖြစ်ပွားစဉ်မှာ Bliss N Eso အဖွဲ့သားတွေဟာ ရိုက်ကွင်းမှာ ရှိမနေပါဘူး ။ ဒါကြောင့် ရိုက်ကူးရေးအဖွဲပတွေနဲ့အတူ ဖြစ်စဉ်ကို အမြန်ဆုံး အဖြေမှန်ရဖို့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ ရိုက်ကွင်းမှာ သေနတ်အစစ် ကျည်ဆံအစစ်ကို အသုံးပြုခဲ့တာဟာ မေးခွန်းထုတ်စရာ ဖြစ်နေသလို ဘယ်နှစ်ချက်ပစ်ခဲ့သလည်း ဆိုတာကိုလည်း စုံစမ်းဆဲပဲ ရှိပါသေးတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations