နည်းနည်းတော့ ပိုသလိုပဲ


Miss Universe ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ရောက်ရှိလာတဲ့ ထိုင်းအလှမယ်ဟာ လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ လူအများရဲ. စိတ်ဝင်စားခြင်းကို ခံလိုက်ရတာပါ။ Chalita Suansaneအမည်ရှိ ထိုင်းနိုင်ငံ ကိုယ်စားပြုတဲ့ သူမဟာ ပြိုင်ပွဲကျင်းပရာ မနီလာကို ခရီးဆောင်အိတ် ၁၇ အိတ်နဲ့ အတူ ရောက်လာတာပါ။ သူမကို ပေါ့ပေါ့ပါးပါး ခရီးဘယ်လိုသွားရမယ် ဆိုတာ သင်တန်းပေးရင် သူမ တက်ရောက်ချင်မှာ မဟုတ်တာ သေချာပါတယ်။


သူမရဲ. အခုလိုမျိုး ရောက်ရှိလာခြင်းအတွက် များစွာသော အင်တာနက် အသုံးပြုသူတွေက သူမက တိုက်ပွဲတစ်ခု ဝင်ရမှာမို့ အခုလိုမျိုး ပြင်ဆင်လာရတာလေဆိုပြီး နားလည်ပေးသူတွေ ရှိသလို ၊ သူမသယ်ဆောင်လာတာဟာ များလွန်းတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ သူမရဲ. ခရီးဆောင်အိတ်မှာတော့ အဝတ်အစားတွေ ရိုားရပစ္စည်း အသုံးအဆောင်နဲ့ ဖိနပ် ၊ အစရှိတာတွေ ပါလာပြီး အလေးချိန်အားဖြင့် ၃၀၀ ကီလိုဂရမ် ၆၆၁ ပေါင်ရှိတယ်လို့ ဆိုကြပါတယ်။


သူမက များစွာသော အဝတ်အစားနဲ့ ဖိနပ်တွေ ယူဆောင်လာကြောင်းနဲ့ လေးတယ်လို့ မထင်ကြောင်း ဖိလစ်ပိုင်က ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြု လာရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိကြောင်း ဆိုပါတယ်။ ၆၅ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ကျရင် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations