သူနဲ့ သူ့ချစ်သူရဲ. ချစ်တင်းနှောခွေပါ


Lena Nersesian အမည်ရှိ ယူကျူစတားတစ်ဦးဟာ သူမရဲ. အကောင့်မှာ ကြေငြာချက်တစ်စောင် ထုတ်လိုက်ပြီး ဒါက အငြင်းပွားစရာ ဖြစ်လာနေတာပါ ။ 


သူမရဲ. အကောင့်ကို follow လုပ်ထားသူ ၂ သိန်း သုံးသောင်းကျော် ရှိပြီး သူမက သူမအကောင့်ကို follow လုပ်သူ တစ်သန်းပြည့်ခဲ့ရင် သူမနဲ့ သူမရဲ. ချစ်သူတို့ ချစ်တင်းနှောခွေကို တင်ပေးမယ်လို့ ဆိုလိုက်တာပါ ။ ဒါက ကင်ကာဒါရှီယန် နာမည်ကြီးလာတဲ့ အကွက်လို့ပဲ ဆိုရမှာပါ။


Lena Nersesian က LA က ဖြစ်ပြီး သူနဲ့ သူ့ချစ်သူ Adam22တို့ဟာ သူတို့ ဒေသမှာတော့ အထိုက်အလျှောက် ကျော်ကြားပြီး သူတို့ channel မှာလည်း ကြည့်ရှုသူများပြားပါတယ်။ သူမက သူမအနေနဲ့ ပွန်းစတား လုပ်ချင်ရင် လုပ်လို့ရပေမယ့် sex tape ထုတ်လုပ်ရတာကိုပဲ သဘောကျတယ်လို့ ဆိုပါတယ်။ 


ဝေဖန်သူတွေက သူမအနေနဲ့ အခြားသူတွေလိုပဲ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြောင်း ဆိုကြပေမယ့် သူမကတော့ အင်တာဗျူးတစ်ခုမှာ ဒါကို တကယ်လုပ်ချင်လို့ လုပ်မှာ ဖြစ်ကြောင်း စတန့်ထွင်တာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

Source : Metro

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations