ဘောလုံးကန်ဖို့တောင် လန့်တယ် အသည်းယားလိုက်တာ


ဗင်နီဇွဲလားနိုင်ငံက ပြည်တွင်းအမှတ်ပေးဖလားပွဲ တစ်ပွဲမှာ ရိုက်ယူထားတဲ့ ဒီအသည်းယာားဖွယ် ဗီဒီယိုဟာ လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါတယ်။ ဗီဒီယိုကတော့ ကစားသမားတစ်ဦး ဒူးဆစ်လွဲသွားတာကို ပြန်တည့်ပေးတာပါ


ဒူးဆစ်လွဲသွားတဲ့ ကစားသမားဆီကို ဆေးအဖွဲ့ဟာ ချက်ခြင်းလိုလို ရောက်လာပြီး ကုသမှုပေးခဲ့တာပါ ။ ကစားသမားရဲ. ဒူးဆစ်ဟာလည်း ပုံမှန်ထက် အတော်လေးကို လွဲချော်နေပြီး နာကျဉ်မှုကြောင့် ညည်းညူနေတာဟာလည်း သနားဖွယ်ပါ။ ဆေးအဖွဲ့ဟာ ကစားသမားကို သက်သောင့်သက်သာနေစေပြီး ခြေထောက်ကို မသိမသာလေး ဆန့်လိုက်ပြီး ဒူးဆစ်ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးလိုက်တာပါ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations