ရက်ရှည်အားလပ်ရက်မှာ သင့်အချစ်ရေး အခြေအနေ ဘယ်လိုရှိမလဲ ဆိုတာကို မေးခွန်းအနည်းငယ် ဖြေပြီး ဆန်းစစ်ကြည့်ရအောင်ပါ ၊ ရလဒ်ကို ဖေ့စ်ဘုခ်မှာ share ဖို့လည်း မမေ့နဲ့နော်

ရက်ရှည်အားလပ်ရက်မှာ သင့်အချစ်ရေး အခြေအနေ ဘယ်လိုရှိမလဲ

  1. You got: Married

    ဒီအားလပ်ရက်မှာ သင်ဟာ လက်ထပ်ရဖို့ကိန်း ရှိပါတယ် ။ သင့်မှာ လက်ထပ်လက်စွပ် မရှိသေးဘူး ဆိုရင်တောင် ဒီအားလပ်ရက်ကနေ မကြာမှီ ရရှိဖို့ ဖြစ်လာပါလိမ့်မယ် ။ စေ့စပ်ပြီးသား စုံတွဲတွေဆိုရင်တော့ ဒီအားလပ်ရက်ဟာ သင်တို့နှစ်ဦးအတွက် စိတ်ကြည်နူးဖွယ်နဲ့ အမှတ်တရ နေ့ရက်လေးတွေ ဖြစ်မှာပါ ။ လက်ထပ်ပြီးသားသူတွေ အတွက်တော့ အားလပ်ရက်မှာ ကိုယ့်ဇနီး (ဒါမှမဟုတ်) ခင်ပွန်းနဲ့ အတူတူရှိနေရတာဟာ အကောင်းဆုံးဆိုတာကို ခံစားရစေမှာပါ ။ 

  2. You got: Single

    ဒီအားလပ်ရက်မှာ သင်ဟာ လူလွတ်တစ်ယောက် အနေနဲ့ပဲ ရှိနေဦးမှာပါ ။ အားလပ်ရက်အတွင်းမှာ သင်ဟာ သူငယ်ချင်းတွေနဲ့ပဲ သင့်ရဲ. ပျော်စရာအချိန်တွေကို ကုန်ဆုံးဖို့ပါပဲ ။ သင်ဟာ တစ်ယောက်ထဲ ဘယ်လိုပျော်ရွှင်စွာ နေထိုင်ရမယ်ဆိုတာ သိပြီးသားပဲ ။ လွတ်လပ်စွာ ပျော်ရွှင်နိုင်မှာပါ။

  3. You got: Single and ready to mingle

    ဒီအားလပ်ရက်မှာ သင်ဟာ လူလွတ်တစ်ယောက် ဖြစ်နေမှာဖြစ်ပေမယ့် ဒီအားလပ်ရက်မှာ သင်ဟာ တစ်စုံတစ်ယောက်နဲ့ ချစ်ခွင့်ကြုံကြိုက်နိုင်ပါတယ် ။ သင့်ရဲ.ချစ်သူကို ဒီအားလပ်ရက်မှာ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ပါတယ် ။ စိတ်မပူပါနဲ့ သိပ်မကြာခင် အနမ်းလေးတွေ ဖလှယ်ဖို့ ချစ်သူတစ်ယောက် ရနိုင်ပါတယ် ။ 

  4. You got: In love

    ဒီအားလပ်ရက်မှာ သင်နဲ့သင့်အဖော်ဟာ ဒီစကားလုံးလေး သုံးလုံး “I love you.” ရဲ. အဓိပ္ပါယ်ကို အတူတူ မျှဝေခံစားနိုင်ကြမှာပါ ။ ဒီအားလပ်ရက်မှာ သင်တို့ရဲ. အချစ်ခရီးလမ်းတွေ ပိုပြီးသာယာဖြောင့်ဖြူးနိုင်ပါတယ်။ Good Luck

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations