ကျွန်တော်တို့ရဲ. အလုပ်တွေဟာ ဘာမှစိတ်ဝင်စားဖို့ မကောင်းရင် များမကြာမှီမှာပဲ အလုပ်လုပ်ရာမှာ စိတ်မဝင်စားတော့ပဲ ပျင်းရိငြီးငွေ့စွာနဲ့ စက်ရုပ်တွေလို ဖြစ်လာပါလိမ့်မယ် ။ ဒီထူးဆန်းတဲ့ အလုပ် ၉ ခုကတော့.....

1. Bed Warmer

Bed Warmer

Bed warmers အလုပ်အား ဟိုတယ်တွေမှာ ဟိုတယ်ခန်းထဲက အိပ်ယာကို တည်းခိုမယ့် ဧည့်သည်မလာခင် နွေးထွေးအောင် ပြုလုပ်ပေးရတဲ့ ဝန်ထမ်းမျိုး ဖြစ်ပါတယ် ။ ဒါမှသာ တည်းခိုမယ့် ဧည့်သည်လာတဲ့အခါ သူတို့အိပ်ယာဟာ နွေးထွေးနေမှာ ဖြစ်ပါတယ် ။ 

2. Professional Sleeper

Professional Sleeper

ဒီအလုပ်ဟာ များစွာသော လူတွေအတွက်တော့ အလုပ်အကိုင်ကောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ် ။ professional sleeper ဆိုတဲ့ ဒီအလုပ်ဟာ အိပ်ယာဝင် အသုံးအဆောင်တွေ ရောင်းချတဲ့ ကုမဏီတစ်ခုက ကမ်းလှမ်းတဲ့ အလုပ်ပါ ၊ သူတို့ ပစ္စည်းတွေကို အသုံးပြုပြီး သက်သောင့်သက်သာ အိပ်ပျော်ကြောင်း ကြေငြာဖန်တီးရာမှာ အသုံးပြုဖို့ပါ။

3. Professional Apologizer

Professional Apologizer

ဒီ ပရောဖက်ရှင်နယ်အလုပ်ဟာ ဂျပန်မှာပဲတွေ့ရမယ့် အလုပ်မျိုးပါ ၊ အချို.လူတွေက သူတို့ရဲ. စိတ်ဆိုးနေတဲ့ အဖော်ကို တောင်းပန်ဖို့အတွက် ငှားရမ်းအသုံးပြုပါတယ်။

4. Professional Elephant Dresser

Professional Elephant Dresser

ဒီအလုပ်ဟာ အဓိကအားဖြင့် သိရိလင်္ကာမှာ ရှိပါတယ် ၊ အချို.သော ပွဲလမ်းသဘင်တွေမှာ ဆင်တွေကို အဝတ်အစားဆင်ပေးဖို့ လိုအပ်ပါတယ် ။ ဒါကြောင့်မို့ ဆင်တွေကို အဝတ်အစား ဆင်ယင်ပေးဖို့ လူတစ်ချို.ကို ငှားရမ်းရပါတယ် ၊ အထိုက်အလျှောက်တော့ အန္တရာယ်များတဲ့ အလုပ်ပါ။

5. Ash Portrait Artist

Ash Portrait Artist

အချို.သော လူတွေဟာ သူတို့ချစ်ခင်နှစ်သက်သူရဲ. အရိုးပြာနဲ့ အနုပညာဖန်တီးမှု ပြုလုပ်ဖို့ စိတ်ဝင်စားတက်ပါတယ် ။ ဒါကြောင့်လည်းသူတို့ဟာ ash portrait artist တွေဆီ သွားရပါတယ်။

6. Ostrich Babysitter

Ostrich Babysitter

ဘာကြောင့်မို့ ငှက်ကုလားအုတ်တွေကို ထိန်းကျောင်းပေးမယ့် လူလိုတာလည်းဆိုတာကို မသိရပေမယ့် ဒီအလုပ်လုပ်ကိုင်သူတွေ အမှန်ပဲ ရှိနေပါတယ်။

7. Duck Master

Duck Master

အချို.သော ဟိုတယ်တွေဟာ ဘဲတွေကို ထိန်းကျောင်းပေးဖို့ လူငှားရမ်းထားတက်ပါတယ် ။ ဘဲတွေကို ဟိုတယ်ကြမ်းပြင်တွေမှာ လျှောက်သွားစေပြီး ဧည့်သည်တွေက တွေ့မြင်နိုင်ပါတယ်။ 

8. Chicken Sexer

Chicken Sexer

ဒီအလုပ်ကတော့ နာမည်ကြားလိုက်တာနဲ့ ထူးဆန်းနေမှာပါ ၊ ဒီအလုပ်လုပ်ကိုင်သူတွေဟာ ကြက်ငယ်လေးတွေကို ဘယ်ဟာက အထီး ဘယ်ဟာက အမဆိုတာကို ခွဲခြမ်းပေးရပါတယ်။

9. Professional Snuggler

Professional Snuggler

ဒီအလုပ်ကတော့ အခြားအလုပ်တွေထက်စာရင် သင့်ကို ဆွဲဆောင်နိုင်မှာ သေချာပါတယ် ။ ဒီအလုပ်ကို များသောအားဖြင့် ဂျပန်မှာ တွေ့ရပါတယ် ။ အထီးကျန်ဆန်သူတွေဟာ snuggle cafe တွေကို သွားပြီး တစ်စုံတစ်ယောက်ရဲ. ပွေ့ဖက်ထားခြင်းကို ခံနိုင်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations