ဒီခရီးသည်က ဘယ်သူမို့ ၊ ဘာကြောင့် သူ့အတွက် ဘူတာရုံကို ဖွင့်ပေးထားရတာလဲ

ဂျပန်နိုင်ငံ မြောက်ဖက်ပိုင်းက Hokkaido ကျွန်းလေးပေါ်မှ Kami-Shirataki အမည်ရှိ ဘူတာရုံဟာ ခရီးသည်တစ်ဦးပဲ စီးနင်သူ ရှိပါတယ် ။ ဒီခရီးသည်ဟာ ဂျပန်ကျောင်းသူလေး တစ်ဦးဖြစ်ပြီး သူမဟာ ကျောင်းတက်ဖို့ ရထားစီးနင်းတာဖြစ်ပြီး ၊ ရထားဟာလည်း သူမကျောင်းသွားချိန်နဲ့ ကျောင်းပြန်ချိန်မှာပဲ ဒီဘူတာမှာ ရပ်ဖြစ်ပါတယ် ။ 

ရထားလိုင်းတာဝန်ရှိသူတွေက ဒီဘူတာရုံကို ပိတ်ပစ်ဖို့ အစီအစဉ်ရှိပေမယ့် နေ့စဉ် ကျောင်းသွားကျောင်းပြန် စီးနင်းတဲ့ သူမကို သတိထားမိပြီး ၊ ဘူတာရုံကို သူမဘွဲ့ရတဲ့အချိန်ထိ ဆက်လက်ဖွင့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အမည်မသိရတဲ့ ဒီမိန်းခလေးဟာ မတ်လဆိုဘွဲ့ရတော့မှာ ဖြစ်ပြီး ဒီ ဘူတာရုံလေးဟာလည်း မကြာခင် ပိတ်သိမ်းတော့မှာပါ ။

ဒီဖြစ်စဉ်မှာဆိုရင် ဂျပန်အစိုးရရဲ. ပညာရေးကို အားပေးပုံဟာ တကယ့်ကို အတုယူစရာပါပဲ။

Source : citylab

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations