အသက်၃၆ နှစ်အရွယ် မင်းသားကြီးဟာ ဇန်နဝါရီလ ၂၀၁၅ ခုနှစ်က လူသတ်မှုအတွက် သံသရှိခံနေရတာပါ

ယခင်ပါဝါရိန်းဂျား ဇာတ်ကားတွေမှာ အနီကောင်အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး Ricardo Medina ဟာ ယမန်နှစ်က အခန်းဖော်ကို သတ်မှုဖြင့် သံသယဖြစ်ခံရပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ ပြန်လည်လွတ်မြောက်လာသူပါ။

ပြန်လည်လွတ်မြောက်လာစဉ်အတွင်းမှာ ရဲတပ်ဖွဲ့က ပိုမိုခိုင်မာတဲ့ သက်သေသတင်း အချက်အလက်တွေ စုဆောင်းခဲ့ပြီး ၊ သူ့ကို နောက်တစ်ကြိမ်ပြန်လည် စစ်ဆေးခဲ့တာပါ။ Ricardo Medina ရဲ. အခန်းဖော်ဟာ ဓါးထိုးခံရပြီး သေဆုံးခဲ့တာပါ။

ပထမအကြိမ်စစ်ဆေးမှုမှာ Ricardo Medina ကသူ့အခန်းဖော်နဲ့ ရန်ဖြစ်စကားများပြီး လူသတ်မှုကျူးလွန်လိုက်တယ်လို့ လူအများက ယုံကြည်ကြပါတယ် ။ ယခုအကြိမ်  စစ်ဆေးမှုမှာ မင်းသားကြီး သတ်ခဲ့ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၂၆ နှစ် ကျခံရဖွယ် ရှိပါတယ်။

Ricardo Medina ဟာ ပါဝါရိန်းဂျားအနီကောင် အဖြစ် ၂၀၀၂ ခုနှစ်လောက်က သရုပ်ဆောင်ခဲ့တာပါ။


Source : Mirror

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations