Sony Xperia Z5 အကြောင်း တစ်စေ့တစ်စောင်း လေ့လာရအောင်ပါ

Sony Xperia Z5 ထွက်ရှိမယ့် နေ့ နှင့် ဈေးနှုန်း

IFA 2015 နည်းပညာ ပြပွဲမှာ Sony က တရားဝင်ကြေငြာထားတဲ့ Xperia Z5 ကို စတင်မိတ်ဆက်ခဲ့ပါတယ် ။ Xperia Z5 ကို စက်တင်ဘာလအတွင်းမှာ ယူရို ၆၉၉ နဲ့ ဥရောပမှာ စတင်ဖြန့်ချီမှာဖြစ်ပြီး Graphite Black, Silver-White, Matt Gold and Fir Green ဆိုတဲ့ အရောင်လေးမျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာပါ ။

Sony Xperia Z5 ၏ ဒီဇိုင်း နှင့် ဖွဲ့စည်းပုံ

Z5 ဟာ သင်သိထားတဲ့ Sony Xeperia Series များရဲ. ဒီဇိုင်းနဲ့ အထွေအထူးကွာခြားမှု မရှိလှပါဘူး ။ ဒီ Xperia Z5 မှာတော့ Xperia’ stamp  အသစ်ပါဝင်လာကာ ၊ သေးငယ်ပြီး elongated pill  ပုံစံ ရှိတဲ့ power button ကို အသုံးပြုထားပါတယ် ။  အသံအတိုးအချဲ. ပြုလုပ်တဲ့ volume rocker နဲ့ ဓါတ်ပုံရိုက်တဲ့ shutter button ဟာ နီးကပ်စွာ တည်ရှိနေပါတယ်။ power button ဟာ fingerprint scanner အဖြစ် ပြောင်းလဲအသုံးပြုထားတာကို ဒီ Z5 မှာတွေ့ရမှာပါ ။

Z5 ဖုန်းရဲ. အောက်ခြေ အစွန်းနားမှာ Xperia ဆိုတဲ့ အသားတံဆိပ်ပါ ရှိပြီး micros SD နဲ့ nano-SIM card ထည့်သွင်းအသုံးပြုရမယ့် အပေါက်များကိုတော့ Xperia Series ရဲ. ထုံးစံအတိုင်း flap covering ပြုလုပ်ပေးထားပါတယ် ။ အားသွင်းရာမှာအသုံးပြုတဲ့ magnetic charging dock pins မပါရှိတော့ပါဘူး ။ ဖုန်းရဲ.ထိပ်မှာတော့ နားကြပ်နဲ့မိုက်ခရိုဖုန်းထည့်သွင်း အသုံးပြုဖို့အတွက် အပေါက်ပါရှိပါတယ် ။ ဖုန်းရဲ. ညာဖက်ခြမ်းမှာတော့ လက်ပွေရာ စကန်ဖတ်ရာမှာပါ အသုံးပြုနိုင်တဲ့ power button ၊ ဓါတ်ပုံရိုက်ရာမှာ အသုံးပြုနိုင်တဲ့ shutter button နဲ့ အသံအတိုးအချဲ. ခလုတ် (vloume rocker) တို့ ပါရှိပါတယ်

Xperia Z5 ရဲ. အရှေ.ဖက်ခြမ်းမှာတော့ proximity sensor, LED notification , 5.1 MP ရှိတဲ့ ကင်မရာ နဲ့အတူ ဖုန်းရဲ. အပေါ်ဖက်နဲ့အောက်ဖက်မှာ dual stero speakers တွေ ပါရှိပါတယ် ။ စပီကာတွေဟာ သေးငယ်ပြီး သတိထားမကြည့်ရင် ပါဝင်မှန်းတောင် မသိရနိုင်ပါဘူး ။ အနောက်ဖက်ခြမ်းဟာတော့ မှန်သား (glass) နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး အခြားသော Xperia Z ဖုန်းတွေရဲ. ပုံစံအတိုင်းပါပဲ ။ 23 MP ရှိတဲ့ အနောက်ဖက်ကင်မရာဟာ ဖုန်းရဲ.ဘယ်ဖက်ထိပ်နားမှာ တည်ရှိပြီး ကင်မရာရဲ. အောက်ဖက်နားကပ်လျှက်မှာတော့ LED Flash ပါရှိပါတယ်။ ဖုန်းရဲ. အရှေ.ကင်မရာရော အနောက်ကင်မရာ နှစ်ခုလုံးမှာ  Sony’s Exmor sensors ကို အသုံးပြုထားပါတယ်။

Sony Xperia Z5 ရဲ. ထူးခြားချက်များ နှင့် software ပိုင်း တည်ဆောက်မှု

Sony Xperia Z5 ဟာ လက်ပွေရာ စကင်ဖတ်ခြင်း နည်းပညာမှာ Andriod 6.0 Marshmallow နဲ့ တွဲဖက်လုပ်ဆောင်နိုင်ပြီး ထူခြားကောင်းမွန်မှုရှိတယ်လို့ အသိအမှတ်ပြုခံထားရပါတယ် ။ ဒီနည်းပညာဟာ ဖုန်းလုံခြုံရေးအတွက် အကောင်းဆုံး မဟုတ်ပေမယ့် လက်ပွေရာနဲ့ အသုံးပြုရမယ့် Andriod Pay ငွေပေးချေမှုအတွက် အသုံးပြုနိုင်မှာပါ ၊ NFC ကို အခြေပြုတည်ဆောက်ထားတဲ့ ဒီစနစ်ဟာ Mashmallow နဲ့ တွဲဖက်ပြီး mobile payment system အနေနဲ့ အသုံးပြုနိုင်မှာပါ ။ လက်ပွေစကင်ဖတ်တဲ့ sensor ကို power button မှာ ထားရှိအသုံးပြုခြင်းဟာ Sony ရဲ. အလွန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ပဲဖြစ်ပါတယ် ။

Xperia Z5 ရဲ. မျက်နှာပြင်အနေအထားဟာ အခြားသော Z series တွေကနေ ထူးထူးခြားခြား ပြောင်းလဲထားခြင်း မရှိပါဘူး ။ Sony ဖုန်းတွေမှာပါနေကျ Music, Videos, What’s New, News from Socialife, Facebook နဲ့ Google က အခြားသော apps 11 ခုလည်း ပါရှိပါတယ် ။ ဒါ့အပြင် radio antenna လည်း ပါဝင်ပါတယ် ။ ဖုန်းရဲ. OS ဟာ အသုံးပြုရတာ မြန်ဆန်ပေါ့ပါးပြီး လုပ်ဆောင်ချက်တွေဟာ အထူးကောင်းမွန်ပါတယ်။ Sony Z5 မှာ Xperia Z3+ မှာ အသုံးပြုထားတဲ့ Snapdragon 810 CPU  ကိုပဲ အသုံးပြုထားပေမယ် စမ်းသပ်သုံးစွဲကြည့်မှုတွေအရ Z3 လောက် အပူချိန်မတက်ဘူးလို့ ဆိုထားကြပါတယ်။

Sony Xperia Z5 ရဲ. performance

Xperia Z5 ဟာ RAM 3 GB ၊  internal storage 32 GB ထိရှိပြီး ၊ 128 GB အထိရှိတဲ့ mirco SD ကဒ်ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ် ။

Sony Z5 ရဲ. အသံပိုင်းဆိုင်ရာဟာ Sony ဖောက်သည်တွေရဲ. တောင်းဆိုချက်အတိုင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ် ။ အရှေ.ဖက် speakers ရဲ. အသံဟာ ပိုမိုကောင်းမွန်ပြီး ကြည်လင်ပြတ်သားမှုလည်း ရှိပါတယ်။

ကင်မရာဟာ 23 MP Exmor sensor ပါရှိပြီး auto-focus ရဲ. အမြန်နှုန်းဟာ 0.03 seconds အထိ ရှိပါတယ်။

Sony Xperia Z5 ရဲ. ဘက်ထရီ

Sony ကတော့ Xperia Z5 ရဲ. ဘက်ထရီဟာ အားမသွင်းပဲ နှစ်ရက်နဲ့တစ်နာရီ အထားခံတယ်လို့ ဆိုထားပါတယ် ။ Z5 ဘက်ထရီဟာ  2,900 mAh ရှိပြီး STAMINA modes နဲ့ Ultra STAMINA modes တို့ ပါရှိပြီး အကောင်းဆုံးသော ဘက်ထရီတာရှည်ခံအောင် ထိန်းသိမ်းပေးတဲ့ စီမံမှုလို့ ဆိုနိုင်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations