မိမိရဲ. MPU Card (ATM Card ) ကို အွန်လိုင်းမှာ ငွေပေးချေမှု ပြုလုပ်နိုင်မယ့် MPU E-commerce အသုံးပြုနိုင်ဖို့ ဘဏ်သွားစရာမလိုပဲ အွန်လိုင်းကနေ လျှောက်ထားနိုင်ပါပြီ ၊ ဘယ်လိုလျှောက်ထားရမယ်ဆိုတဲ့ နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

MPU E-commerce ကို အသုံးပြုဖို့ တိုက်ရိုက် register လုပ်နိုင်တဲ့ စာမျက်နှာကို မတွေ့မိပါဘူး ၊ ဒါပေမယ့် MPU website မှာ ဖော်ပြထားတဲ့ ဝက်ဆိုဒ်မှာ ငွေပေးချေမှု ပြုလုပ်မယ့် ပုံမျိုးပြုလုပ်ပြီး မိမိရဲ. MPU card ကို  E-commerce အသုံးပြုဖို့ ဘဏ်သွားဖို့မလိုပဲ အွန်လိုင်းကနေ လျှောက်ထားနိုင်မှာပါ ၊ အမှန်တကယ် ငွေပေးချေမှု ပြုလုပ်ဖို့ မလိုပါဘူး ။ 

 

(၁)ပထမဆုံး https://m.2c2p.com/charityfund ကို သွားပါ ။ ဒီဝက်ဆိုဒ်ဟာ MPU ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ ငွေပေးချေမှု ပြုလုပ်နိုင်တဲ့ ဆိုဒ်တွေထဲက တစ်ခုပါ ။

(၂)လိုအပ်တဲ့ အချက်အလက်တွေဖြည့်သွင်းပြီး Pament Type မှာ MPU ဟု ရွေးပါ 

(၃)နောက်ထပ်ကျလာတဲ့ စာမျက်နှာမှာ Pay With MPU ကို နှိပ်ပါ

(၄)MPU Payment စာမျက်နှာကို ရောက်ရှိသွားမှာ ဖြစ်ပြီး  မိမိကဒ်မှ နံပါတ်များ(card naumber) ကို ဖြည့်သွင်းပါ

(၅)မိမိကဒ်သည် E-commerce သုံးရန် ဖွင့်လှစ်ပြီးပါက အစိမ်းရောင် အမှန်ခြစ် ပြမည်ဖြစ်ပြီး မဖွင့်လှစ်ရသေးပါက အနီရောင် အမှားခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မယ်

(၆)အနီရောင်အမှားခြစ်လေးဘေးမှ Question Mark(?) လေးအား နှိပ်ပေးပါ က Register Now ဟု ပေါ်လာပါလိမ့်မည် ။ ကလစ်နှိပ်ပေးပါ ။

(၇)ထပ်ကျလာသော စာမျက်နှာတွင် မိမိကဒ် အသုံးပြုထားသော ဘဏ်အမည်နှင် ကဒ်နံပါတ်ပေါ်ပြီးသား ဖြစ်နေပါလိမ့်မယ် ။ မိမိ Card Expiry Date ၊ အမည် ၊ အီးလ်မေးလ် ၊ မွေးနေ့ ၊ မှတ်ပုံတင်နံပါတ် နှင့် ဖော်ပြထားသော text ကို မှန်ကန်စွာ ဖြည့်သွင်းပြီး Submit Now ကို နှိပ်လိုက်ပါ။

(၈)အခုဆိုရင် MPU E-commerce လျှောက်ထားမှု ပြီးဆုံးပြီ ဖြစ်ပါတယ် ၊ ဘဏ်က ကိုယ့်အီးလ်မေးလ်ကို အသုံးပြုလို့ရပြီ ဖြစ်ကြောင်း အီးလ်မေးလ်ပေးပို့ပါလိမ့်မည် ။ အီးလ်မေးလ်ေ၇ာက်လာပြီးပါက MPU E-commerce စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ် ။ စောင့်ဆိုင်းချိန် သုံးရက်ခန့် ကြာနိုင်ပါသည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations