နားဆင်ကြည့်ပါ

ဂီတလောကထဲမှာ အောင်မြင်သူတစ်ယောက်အဖြစ် အချိန်တွေတော်တော်ကြာအောင် ရပ်တည်နေခဲ့ပြီးနောက် သီချင်းသစ်တွေ ထပ်မတွေ့ရတာကြာပြီဖြစ်တဲ့ မျိုးကျော့မြိုင်ကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်းအသစ် တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

မျိုးကျော့မြိုင်က “Stuff they don’t want you to know” လို့ အမည်ရတဲ့ သီချင်းကို သူ့ရဲ့ Facebook အကောင့်မှာ တင်သွားခဲ့တာဖြစ်ပြီး စိတ်ကူးယဉ်သက်သက်မဟုတ်ပဲ နှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့ အကြောင်းအရာတွေကို သီချင်းလုပ်ပြီး ဆိုထားတာသာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

“"Stuff they don't want you to know"ကျွန်တော့်သီချင်းအသစ်ပါ။

အခု ဒီသီချင်း video ထဲမှာပါရှိတဲ့ information တွေက ကျွန်တော့်ရဲ့စိတ်ကူးယဉ်သတ်သတ်မဟုတ်ပါဘူး၊ နှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့အကြောင်းအရာတွေပါ၊

ကျွန်တော်တို့သင်ထားတဲ့ physics တွေ maths တွေ နဲ့စဉ်းစားတွေးခေါ်မယ်ဆိုရင်မဖြစ်နိုင်ဘူးလို့ယူဆမိမှာပါဘဲ၊

ဘယ်လိုဘဲတွေးတွေးမသိသေးတဲ့သူသိစေချင်တာရယ် သိပြီးတဲ့သူတွေဆိုရင်လဲ knowledge တွေshareလုပ်လို့

ရအောင်ရယ်ရည်ရွယ်ပါတယ်၊

ကျွန်တော်တို့သိခဲ့သင်ခဲ့တာတွေကို သင်ရိုးညွန်းတမ်း အပောာင်း သို့မဟုတ် limited လို့ယူဆမယ်ဆိုရင်

ကျွန်တော်တို့မသိနိုင်တဲ့ new science ကရှိနေခဲ့တာနှစ်ပေါင်းများစွာရှိ နေခဲ့လို့ပါဘဲ” လို့ မျိုးကျော့မြိုင်က သူ့ရဲ့ Facebook မှာ ရေးသားသွားခဲ့ပါတယ်။

မျိုးကျော့မြိုင်ရဲ့ သီချင်းအသစ်ကို အောက်ပါ လင့်ခ်ကနေ ၀င်ရောက်နားထောင်နိုင်ကြပါတယ်။

Source : မျိုးကျော့မြိုင် facebook

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations