ထူးချွန်ထက်မြတ်မှု ပုံစံလေးမျိုးရှိပါတယ် ၊ အဲ့ဒီထဲက သင်ဟာဘယ်လို ထူးချွန်ထက်မြတ်သူလဲ ? ဒီမေးခွန်းငါးခုက သင်ဟာဘယ်လို ထူးချွန်ထက်မြက်သူလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဆန်းစစ်ကြည့်ရအောင်ပါ။

ဒီမေးခွန်းငါးခုက သင်ဟာဘယ်လို ထူးချွန်ထက်မြက်သူလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။

  1. You got: You're a DYNAMO genius

    သင်ဟာ အိုင်ဒီယာကောင်းလွန်းတဲ့ ထူးချွန်သူတစ်ဦးပါ ။ သင်နဲ့တူတဲ့ ထင်ရှားသူတွေကတော့ Richard Branson, Lady Gaga, Bill Gates, Steve Jobs, Michael Jackson, Beethoven နဲ့ Albert Einstein တို့ပဲ ဖြစ်ပါတယ် ။ 

    သင်ဟာ ဖန်တီးမှုစွမ်းရည် မြင့်မားပါတယ် ၊ သင်ဟာ အသင်းအဖွဲ့နဲ့ လုပ်ကိုင်ရတာမျိုးကို စိတ်မဝင်စားပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပါတယ် ။ သင့်စိတ်ကူးထဲမှာ ရှိသမျှကို အကောင်အထည်ပေါ်အောင် စွမ်းဆောင်နိုင်သူ တစ်ဦးပါ။

  2. You got: You're a BLAZE genius

    သင်ဟာ စမတ်ကျတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ ၊ လူတကာက ငေးကြည့်ရလောက်တဲ့ လူတစ်ဦးဆိုလည်း မမှားပါဘူး ။ သင်ဟာ လူမှုဝန်းကျင်မှာ သြဇာကြီးမာသူ ၊ ဆက်ဆံရေး ကောင်းမွန်သူ ၊ ထင်ရှားသူတစ်ဦးပါ ။ သင့်ကို မုန်းသူ ကြည့်မရသူ အနည်းငယ် ရှိကောင်းရှိပေမယ့် လူအများရဲ. ချစ်ခင်ခြင်းကို ရရှိသူတစ်ဦး ဖြစ်ပြီး ၊ သင့်ရဲ. ဦးဆောင်မှုနောက်ကို လိုက်မယ့် သူတွေက မနည်းမနောပါပဲ။ 

    သင်နဲ့ တူတဲ့ ထင်ရှားသူတွေကတော့  Bill Clinton, Oprah Winfrey, Ellen DeGeneres, Sigmund Freud နဲ့ Jack Welch တို့ပဲ ဖြစ်ပါတယ်။

  3. You got: You're a TEMPO genius

    သင်ဟာ သင့်ကိုယ်ပိုင်ဟန်နဲ့ သင်ရပ်တည်နိုင်ပြီး လူတကာက အားကျရသူတစ်ဦးပါ ၊ သင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ဝန်မလေးသလို ၊ အလုပ်ကိုလည်း ကြိုးစားပြီး အောင်မြင်မှု မရရအောင် ယူနိုင်သူတစ်ဦးပါ ။ လူတိုင်းက သင့်ကို စံနမူနာအဖြစ် လေးစားပြီး အားကျအတုယူတက်ပါတယ် ။ 

    သင်နဲ့တူတဲ့ ထင်ရှားသူတွေကတော့ Warren Buffett, Woodrow Wilson, Gandhi, Nelson Mandela, Serena Williams, Mother Teresa နဲ့ Michael Phelps တို့ပဲ ဖြစ်ပါတယ်။

  4. You got: You're a STEEL genius

    သင်ဟာ တိကျသေချာမှု ရှိသူတစ်ဦး ဖြစ်ပြီး ၊ သင့်ရဲ. အားသာချက်က သင်ဘာလုပ်နေတယ်ဆိုတာကို သိပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်တာပါပဲ ။ သင်ဟာ လူမှုဆက်ဆံရေး အကောင်းကြီး မဟုတ်ပေမယ့် လူတွေကို ဘယ်လို အသုံးချအောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာကို သိသူတစ်ဦးပါ ။ သင်ဟာ ကြုံတွေ့လာမယ့် ပြသာနာတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်ပါသေးတယ်။

    သင်နဲ့တူတဲ့ ထင်ရှားသူတွေကတော့ Cheryl Sandberg, John D. Rockfeller, Henry Ford, Mark Zuckerberg နဲ့ Larry Page တို့ပဲ ဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations