သင့်အပေါင်းအသင်းတွေနဲ့ ညဖက်သောက်စား လျှောက်သွားတာကို သင့်ချစ်သူဇနီးက သဘောမကျပဲ အလကား အချိန်လိုက်ဖြုန်းတာလို့ ယူဆရင် ဒါဟာ လိုအပ်လို့ လုပ်ဆောင်နေရတာ ဖြစ်ကြောင်း သင်ပြန်ပြောနိုင်ပါပြီ ။

သင့်အပေါင်းအသင်းတွေနဲ့ ညဖက်သောက်စား လျှောက်သွားတာကို သင့်ချစ်သူဇနီးက သဘောမကျပဲ အလကား အချိန်လိုက်ဖြုန်းတာလို့ ယူဆရင် ဒါဟာ လိုအပ်လို့ လုပ်ဆောင်နေရတာ ဖြစ်ကြောင်း သင်ပြန်ပြောနိုင်ပါပြီ ။ 

သုသေတန ပြုလုပ်မှုတွေအရ ၊ အမျိုးသားတွေအနေနဲ့ သူငယ်ချင်းများနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေး ရှိနေဖို့ လိုအပ်ပြီး ဒါဟာ အမျိုးသားတွေကို စိတ်ဖိစီးမှု လျှော့ကျစေနိုင်ပြီး ၊ လုံခြုံမှုကို ခံစားရစေကာ ပိုပြီး အသက်ရှည်စေပါတယ်တဲ့ ။ ဒီလေ့လာမှုကို Germany’s University of Gottingen က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မျော်လွှဲကျော်တွေကို လေ့လာမှုအရ သူတို့ဟာ သူတို့ရဲ. အဖော် ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ ရှိနေချိန်တွေထက် အပေါင်းအသင်းတွေနဲ့ ရှိနေချိန်မှာ ပိုပြီး စိုးရိမ်သောကနည်းတယ်လို့ တွေ့ရှိခဲ့ပါတယ် ။ အမျိုးသားတွေဟာလည်း ဒီသဘောပါပဲ သူငယ်ချင်းတွေနဲ့ ဘီယာသောက်နေချိန် ၊ ဘောပွဲကြည့်နေချိန်မှာ ပိုပြီး စိတ်ဖိစီးမှုနည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေဟာ ဘဝမှာ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အမျိုးသား သူငယ်ချင်းတွေနဲ့ တွေ့ဆုံပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ် ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations