Rocker ကြီးတွေအတွက်တော့ သတင်းကောင်းပါပဲ

TA Resources Myanmar ကုမ္ပဏီမှ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ ရော့ခ်ဂီတချစ်သူများ အတွက်                              အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Iron Cross တေးဂီတအဖွဲ့နှင့်ပူးပေါင်းပြီး IC ရှိုးပွဲများကိုကြည့်ရှုခွင့်ရရှိနိုင်ရန် ယခုနှစ်ပွင့်လင်းရာသီတွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအစီအစဉ်ကို “Rock with Shell Advance” ဟုအမည်ပေးထားပြီး ၊ ရန်ကုန်နှင့်မန္တလေးအပါအ၀င်မြန်မာနိုင်ငံတ၀ှမ်းလုံးတွင်ကျင်းပပြုလုပ်သွားရန်ရှိကြောင်းသိရသည်။

ယင်းအစီအစဉ်၏ထူးခြားချက်အနေဖြင့် မိမိတို့ရဲ့နေ့စဉ်သုံးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ အတွက်အသုံးဝင်မည့် Shell အမှတ်တံဆိပ်ပါ Shell Helix ၊ Shell Rimula  သို့မဟုတ်  Shell Advance စက်ချောဆီတစ်မျိုးမျိုးအား ၀ယ်ယူသုံးစွဲရုံဖြင့်အဆိုပါ “Rock with Shell Advance” IC ရှိုးပွဲလက်မှတ်များကို ရရှိနိုင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

နယ်သာလန်နိုင်ငံထုတ် Shell ၏ ထုတ်ကုန်များဖြစ်သည့် မော်တော်ယာဉ်ငယ်သုံး Shell Helix (4L, 6L) ဗူးများတွင်လည်းကောင်း၊ လုပ်ငန်းသုံးယာဉ်ကြီးများအတွက်ထုတ်လုပ်ထားသော Shell Rimula (5L, 6L) ဗူးများတွင်လည်းကောင်း၊ IC ရှိုးပွဲလက်မှတ်တစ်ဆောင်နှင့် လဲလှယ်နိုင်မည့် ကူပွန်များကိုထည့်သွင်းထား သည့် အဆိုပါကုန်ပစ္စည်းများကို ယခုနှစ်ဇူလိုင်လမှစတင်၍ ထည့်သွင်းဖြန့်ချီသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် IC အဖွဲ့သားများရဲ့ရုပ်ပုံပါ အထူးပြုလုပ်ထားသည့် ပါကင်ဒီဇိုင်းဖြင့်ထုတ်ပိုးထားသော Shell Advance မော်တော်ဆိုင်ကယ်သုံး ၁လီတာဝင် ၄ဗူးပါတစ်ပါကင် Limited Edition ဗူး ၀ယ်ယူသူတိုင်းအတွက် IC ရှိုးပွဲလက်မှတ်နှစ်ဆောင်ဖြင့်လဲလှယ်နိုင်မည့် ကူပွန်နှစ်ဆောင်စီထည့်သွင်းပြီး ယခုနှစ်ဇူလိုင်လအတွင်းမှာပင် စတင်၍ ဖြန့်ချီသွားမည်ဖြစ်ကြောင်းသိရသည်။

ကနဦးဖျော်ဖြေပွဲအနေဖြင့် လာမည့်စက်တင်ဘာလ ၂၃ ရက်နေ့တွင် မန္တလေးမြို့၌စတင်ကျင်းပသွားမည်ဖြစ်ပြီး၊ ဂီတဖျော်ဖြေပွဲဝင်ခွင့်လက်မှတ်များကို ပွဲမစခင် နှစ်ပါတ်အလို စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍  TA Resource Myanmar ၏မန္တလေးရုံးခွဲတွင်တွင်လည်းကောင်း၊ယင်းကုမ္ပဏီမှရွေးချယ်သတ်မှတ်ထားသော တရားဝင်အရောင်းဆိုင်၁၀ဆိုင်တွင်လည်းကောင်းလက်မှတ်များလဲလှယ်နိုင်ရန်စီစဉ်သွားမည်ဖြစ်ပြီး၊ရောင်းရငွေမှရရှိသောအကျိုးအမြတ် ၂ % ကိုလည်း လူမှုအကျိုးပြုအဖွဲ့အစည်းများအား ပေးအပ်လှုဒါန်း သွားမည်ဖြစ်ကြောင်း၊ TA Resource Myanmar Company ၏ တာဝန်ရှိသူတစ်ဦးမှပြောကြားသွားသည်။

အလားတူ မြန်မာနိုင်ငံတ၀ှမ်းရှိ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ပြည်၊တောင်ကြီးစသည့်မြို့ကြီးများတွင်လည်း အဆိုပါဖျော်ဖြေပွဲများကိုယခုနှစ်ကုန်ပိုင်းတွင်ကျင်းပသွားမည်ဖြစ်ပြီး၊ Iron Cross ဖျော်ဖြေပွဲကြည့်ရှုနိုင်မည့် လက်မှတ်လဲလှယ်ရန်နေရာများကို အချိန်နှင့်တပြေးညီကြေငြာပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ သတင်းထုတ်ပြန်သည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations