ဒီဓါတ်ပုံတွေဟာ လမ်းပေါ်ကလူတွေ ၊ သို့တည်းမဟုတ် နာမည်ကျော်တွေကို ရိုက်ကူးထားတာ မဟုတ်ပေမယ့် နာမည်ကျော်လှပါတယ် ၊ ဘာကြောင့်နာမည်ကြီးရတာလဲ ?

1. The Kiss by the Hôtel de Ville (1950)

The Kiss by the Hôtel de Ville (1950)

အခုမြင်နေရတဲ့ ဓါတ်ပုံကတော့ Robert Doisneau ရိုက်ကူးထားတဲ့ အဖြူအမဲ ဓါတ်ပုံတစ်ပုံပါ ၊ ဓါတ်ပုံမှာတော့ စုံတွဲတစ်တွဲဟာ လူကြားထဲမှာ နမ်းနေဟန်ပဲ ဖြစ်ပါတယ် ။ ဒီဓါတ်ပုံကို ၁၉၅၀ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပဲရစ်မြို. မှာ ရိုက်ကူးထားတာဖြစ်ပြီး ပဲရစ်မြို.ဟာ romance city ရယ်လို့ ပရောဂျက်တစ်ခုအနေနဲ့ ရိုက်ကူးတာဖြစ်ပါတယ် ။ ဒါပေမယ့် ဒီပုံကတော့ ဆင်ရိုက်ထားတာ မဟုတ်ပဲ သဘာဝအတိုင်း အချိန်ကိုက် ရလိုက်တဲ့ ပုံရိပ်ပါ။ ပြင်သစ်မဂ္ဂဇင်း Telerama က ဒီပုံကို ကာဗာအဖြစ်အသုံးပြုခဲ့ပြီး ၊ များစွာသော အမျိုးသမီးတွေက ဒီပုံထဲက အမျိုးသမီးဟာ သူတို့ပါလို့ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

2. Lunch atop a skyscraper (1932)

Lunch atop a skyscraper (1932)

၂၀၁၂ ခုနှစ်မှာတော့ ဒီပုံရဲ. သက်တမ်းဟာ နှစ်ပေါင်းရှစ်ဆယ် ရှိသွားပြီ ဖြစ်ပါတယ် ။ ဒီပုံထဲမှာတော့ Mahhattan က ၈၅၀ ပေအမြင့်ရှိတဲ့ ကောင်းကင်က အလုပ်ခွင်မှာ အလုပ်သမား ၁၁ ဦး အကြောက်တရားကင်းမဲ့စွာနဲ့ နေ့လည်စာစားနေတာပါ။ ဒီပုံကို စစချင်းတုန်းက အချို.က စတန့်ထွင်ပြီး ၇ိုက်ထားတယ်လို့ ယူဆခဲ့ကြပါသေးတယ် ။ ဒါပေမယ့်လည်း ဒီအလုပ်သမားတွေဟာ sandwiches စားသူကစား ၊ ဆေးလိပ်သောက်သူက သောက်နဲ့ တကယ့်အလုပ်သမားတွေပါ ။ 

3. A Sharpshooter's Last Sleep/The Home of a Rebel Sharpshooter (1865)

A Sharpshooter's Last Sleep/The Home of a Rebel Sharpshooter (1865)

အမေရိကန် ပြည်တွင်းစစ်ရဲ. ဓါတ်ပုံဆရာ Alexander Gardner ရဲ. Gettysburg တိုက်ပွဲအပြီးကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံစီးရီးပါ ။ ဒီဓါတ်ပုံတွေကို ၁၈၆၅ ခုနှစ်က ပြည်တွင်းစစ်အကြောင်း စာအုပ်မှာ ဖော်ပြထားပါတယ် ။ နှစ်ပေါင်းတစ်ရာလောက် ကြာပြီးတဲ့နောက် ပြည်တွင်းစစ်နဲ့ ပတ်သတ်တဲ့ art director တစ်ဦးဖြစ်တဲ့ Frederic Ray က ဓါတ်ပုံတွေမှာ မတူတဲ့နေရာနှစ်ခုမှာ လူသေအလောင်းကတော့ တစ်ခုတည်း ဖြစ်နေတယ်လို့ သတိထားမိခဲ့ပါတယ် ။  A Sharpshooter's Last Sleep(အပေါ်ပုံ) ထဲက လူသေအလောင်းဟာ Devil's Den ရဲ. တောင်ဖက်ဆင်ခြေလျှောမှာ ရှိနေပြီး ၊ နောက်ထပ်ပုံထဲက The Home of a Rebel Sharpshooter" (အောက်ပုံ) ထဲက လူသေအလောင်းကတော့ ကိုက်လေးဆယ်အကွာမှာ ရှိနေတာပါ ၊ ဒီပုံတွေရဖို့ ဓါတ်ပုံဆရာက ရွှေ့ပြီး ရိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

4. Raising a flag over the Reichstag (1945)

Raising a flag over the Reichstag (1945)

၁၉၄၅ ခုနှစ်က ဘာလင်မြို.က Reichstag အဆောက်အဦးပေါ်မှာ ဆိုဗီယက်တပ်နီတော်က လူငယ်စစ်သားတစ်ဦးက ဆိုဗီယက်အလံလွှင့်တင်လိုက်တာကို ဓါတ်ပုံဆရာ Yevgeny Khaldei က မှတ်တမ်းတင်ထားတဲ့ ပုံပါ ။ ဒီပုံဟာ နောက်ပိုင်းမှာတော့ ရောင်စုံဓါတ်ပုံအနေနဲ့ပါ ၊ ဝါဒဖြန့်ရာမှာ အသုံးပြုပြီး နေရာတော်တော်များများမှာ မြင်ဖူးကြပါလိမ့်မယ်။

5. Rosa Parks in Montgomery Bus (1956)

Rosa Parks in Montgomery Bus (1956)

Rosa Parks ဟာ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က Alabama ပြည်နယ် Montgomery က လိုင်းကားပေါ်မှာ အနောက်ဖက်ကို နေရာရွှေ့ပေးဖို့ ငြင်းဆိုခဲ့တဲ့ အထည်ချုပ်သမတစ်ဦးပါ ၊ သူကနေစလို့ အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမှုဖြစ်တဲ့ Bus Boycott (ဘက်စ်ကားသပိတ်)ကြီး ပေါ်ပေါက်ခဲ့ပါတယ် ။ သူမရဲ. ဒီပုံရိပ်ကို နောက်ပိုင်းမှ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပြီး ၊ သူမရဲ. နောက်ဖက်မှာ ထိုင်နေတဲ့တစ်ယောက်ကတော့ သတင်းထောက် Nicholas C. Chriss ဖြစ်ပါတယ် ။ ဒီဓါတ်ပုံကို ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၉၅၆ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ ဒီဓါတ်ပုံနဲ့ သမိုင်းကြောင်းနောက်ခံဟာ လူဖြူလူမည်း ခွဲခြားမှုတိုက်ပွဲတွေမှာ အလွန်အရေးပါခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations