LG ၏ V 10 စမတ်ဖုန်းတွင် ဆယ်ဖီကင်မရာနှစ်လုံး ပါဝင်လာသည့် သတင်း

LG ကုမ္ပဏီသည် မြင်ကွင်းကျယ် ဆယ်ဖီဓာတ်ပုံများ ရိုက်ကူးနိုင်သည့် ဖုန်းအမျိုးအစားသစ်တစ်ခုနှင့် စနစ် မြှင့်ထားသော 4G ကွန်ရက်မိ စမတ် လက်ပတ် နာရီတစ်မျိုးတို့ကို မိတ် ဆက်ပြသလိုက်ကြောင်း သိရသည်။ ယင်းဒီဂျစ်တယ်ကိရိယာနှစ်ခုစလုံးကို အန်းဒရွိုက်ဗားရှင်းဖြင့် ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ နောက်ဆုံး ပေါ် V 10ဖုန်းတွင် ဆယ်ဖီရိုက်နိုင်ရန် ရှေ့ကင်မရာ တစ်လုံးသာမက နှစ်လုံး တပ်ဆင်ထားသည့်အတွက် ၁၂ဝ ဒီဂရီရှိသည့် ရှုထောင့်ကျယ် မြင်ကွင်းများ ရိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် V10 တွင် မျက်နှာပြင် နှစ်ခုကိုလည်း တပ်ဆင်ထားသည်။

အသစ်တိုးလိုက်သည့် မျက်နှာပြင်ငယ်မှာ အဓိကမျက်နှာပြင်၏အပေါ်တွင်ရှိပြီး နေ့စွဲ၊ ရာသီဥတုအခြေ အနေနှင့် ဘက်ထရီအား လက်ကျန် ကို အချိန်မရွေး ဖော်ပြပေးမည်ဖြစ် သည်။ အန်းဒရွိုက်ဗားရှင်း စမတ်လက်ပတ်နာရီသည်လည်း 4G ကွန် ရက် ချိတ်ဆက်နိုင်သည့် ပထမဆုံး လက်ပတ်နာရီဖြစ်လာခဲ့သည်။ V 10  ဖုန်း၏ ရှေ့ကင်မရာနှစ်ခုစလုံးသည် 5 Megapixel ခန့်ရှိပြီး ၈ဝ ဒီဂရီပြည့် ဆယ်ဖီဓာတ်ပုံမှ ၁၂ဝ ဒီဂရီပြည့် မြင်ကွင်းကျယ်ဓာတ်ပုံများ အထိ ရိုက်ကူးနိုင်စွမ်းရှိသည်။ ထိုသို့ ရိုက်ကူးနိုင်ခြင်းမှာ ကင်မရာနှစ်ခုလုံး က တစ်ချိန်တည်းတွင် ရိုက်ကူးနိုင်ပြီး ဓာတ်ပုံနှစ်ပုံကို ကွန်ပျူတာစနစ်ဖြင့် တွဲဖက်၍ တစ်ပုံတည်းပြုလုပ်လိုက် ခြင်းဖြစ်သည်။ ”ဆယ်ဖီရိုက်တုတ်တံမလိုဘဲ ဒီ လိုမြင်ကွင်းကျယ်ဆယ်ဖီပုံတွေ၊ အုပ်စုလိုက်ဆယ်ဖီပုံတွေ ရိုက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး”ကုမ္ပဏီက ဆို သည်။ V10  ဖုန်း၏ မျက်နှာပြင်ငယ် သည် ၂.၁ လက်မ(၅.၃ စင်တီမီ တာ)အရွယ်အစားရှိပြီး အဓိကမျက် နှာပြင်ကို ပိတ်ထားချိန်၌လည်း အဆို ပါ မျက်နှာပြင်ငယ်က ဖွင့်လျက်ရှိနေ မည်ဖြစ်သည်။ V10 ၏ ကျောဘက်ကင်မရာ သည်လည်း 16 Megapixel အရည်အသွေးရှိသည့်အတွက် ဓာတ် ပုံနှင့် ဗီဒီယိုကောင်းများ ရိုက်ကူးနိုင် ကြောင်း သိရသည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations