သူတို့ရဲ. ဘဝကို ပြောင်းလဲအောင် ကြိုးစား စွမ်းဆောင်သွားနိုင်မှုတွေဟာ ချီးကျူးစရာပါ ။

သရုပ်ဆောင်လောကမှာ အချို.သော နာမည်ကြီးမင်းသမီးတွေဟာ တစ်ချိန်က အပြာဇာတ်ကားတွေ ရိုက်ကူးခဲ့ကြဖူးပါတယ် ။ သူမတို့ရဲ. ဘဝတွေကို mainstream ဇာတ်ကားတွေ မရိုက်ကူးနိုင်ခင်မှာ အပြာဇာတ်ကားတွေကို ရိုက်ကူးရင်း ခဏတာ ဖြတ်သန်းခဲ့ကြရပါတယ် ။ ဒီနောက်မှာတော့ သူတို့ရဲ. ဘဝကို ပြောင်းလဲအောင် ကြိုးစား စွမ်းဆောင်သွားနိုင်မှုတွေဟာ ချီးကျူးစရာပါ ။

၅ . Sibel Kekilli

၅ . Sibel Kekilli

ဟုတ်ပါတယ် ၊ Game of Thrones ဇာတ်ကားထဲမှာ ‘Shea’ ဆိုတဲ့အမည်နဲ့ ဇာတ်ဆောင် Sibel Kekilli ပါ ၊ သူမဟာ ဒီ mainstream ရုပ်ရှင်လောကထဲကို မရောက်ရှိခင်က ဂျာမန် ပွန်းစတား တစ်ဦးဖြစ်ပါတယ် ။ သူမရဲ. အပြာရုပ်ရှင်လောကမှာ သရုပ်ဆောင်တဲ့ နာမည်ကတော့ ‘Dilara’ ဖြစ်ပြီး သူမရဲ. ယခုအခါမှာတော့ သူမကို အပြာမင်းသမီးအဖြစ် တွဲမြင်တာဟာ တဖြည်းဖြည်း လျှော့နည်းလာနေပါပြီ ။

Sibel ဟာ ယနေ့မှာတော့ အပြာရုပ်ရှင်လောကကနေ ထွက်ခွာလာနိုင်ခဲ့ပြီး အပြောင်းအလဲများစွာကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကာ များစွာသော mainstream ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခွင့် ရနေခဲ့ပါပြီ ။ သူမကို Game of Thrones ဇာတ်ကားနဲ့ လူသိများလာတာ ဖြစ်ပြီး သူမဟာ အခြားသော ဂျာမန်ရုပ်ရှင်ပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။ သူမဟာ သရုပ်ဆောင်ကောင်းမွန်တာကြောင့် အကောင်းဆုံး မင်းသမီးဆုတွေလည်း ရရှိထားပြီး ဖြစ်ပါတယ် ။

သူမဟာ သူမရဲ.ဘဝလမ်းကြောင်းကို အကောင်းမွန်ဆုံးနဲ့ အမှန်ကန်ဆုံး ပြောင်းလဲပစ်ခဲ့နိုင်တယ်လို့ ဆိုရမှာပါ ၊ သူမရဲ. ၂၀၀၄ ခုနှစ်ခန့်က အပြာမင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ရင် သူမဟာ မိဘတွေရဲ. အဆက်အသွယ်ဖြတ် စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ် ။

၎. Sasha Grey

၎. Sasha Grey

အကယ်၍များ သင်ဟာ ဟိုစပ်စပ် ဒီစပ်စပ် သိတဲ့ လူတစ်ဦးဆိုရင်တော့ Sasha Grey ဟာ အပြာမင်းသမီးတစ်ဦး ဖြစ်ခဲ့ဖူးတယ် ဆိုတာကို သိပြီရရင် သိပ်အံသြသွားမှာ မဟုတ်ပါဘူး။ The Girlfriend Experience နဲ့ I Melt With You တို့လို ဇာတ်ကားတွေမှာ သူမဟာ ခပ်ဟော့ဟော့ သရုပ်ဆောင် ပြသွားခဲ့ပြီးပါပြီ ။ သူမရဲ. နာမည်အရင်းဟာ Marina Ann Hantzis ဖြစ်ပြီး ၂၀၁၁ ခုနှစ် မတိုင်ခင်အထိ အပြာဇာတ်ကားလောကမှာ ငါးနှစ်ခန့် ကျင်လည်ခဲ့သူပါ ။ သူမဟာ သူမရဲ. မျက်လုံးသေတွေ ၊ ပြုံးမယောင်နဲ့ နှုတ်ခမ်းတစ်စုံဖြင့် သရုပ်ဆောင်မှုဟာ လက်ရှိ အဝတ်အစားအပြည့်အစုံနဲ့ သရုပ်ဆောင်ရတဲ့ mainstream ရုပ်ရှင်လောကမှာပါ အောင်မြင်မှုကိုရရှိစေတာပါ ။

သူမဟာ အဓိကဇာတ်ကောင် အနေနဲ့ရော အရံဇာတ်ဆောင် အနေနဲ့ပါ mainstream ရုပ်ရှင်လောကမှာ ရုပ်ရှင်ကားပေါင်း ၁၁ ကား ရိုက်ကူးပြီးခဲ့ပါပြီ ။ Sasha ဟာ အပြာမင်းသမီးအဖြစ်ကနေ အရံဇာတ်ဆောင်အဖြစ် ပြောင်းလဲသရုပ်ဆောင်ရာမှာ အထူးအောင်မြင်ခဲ့ပါတယ် ။ သူမရဲ. သရုပ်ဆောင်ကောင်းမှုဟာ အရင်အပြာဇာတ်ကားတွေရိုက်ကူးခြင်းနဲ့ အနည်းနဲ့အများ သက်ဆိုင်နေပေမယ့် အရိုးသားဆုံးပြောရရင် သူမရဲ. သရုပ်ဆောင်ကောင်းမှုဟာ နာမည်ကျော်မင်းသမီး ဖြစ်လာဖို့ အတွက် အမှန်တကယ် ထိုက်တန်ပါတယ် ။

သူမရဲ. ရုပ်ရှင်ဇာတ်ကားတွေဟာလည်း မကြာမှီမှာ ဆက်လက်ထွက်ရှိလာဖို့ ရှိနေပြီး သူမဟာ သူမရဲ. မကောင်းတဲ့အတိတ်ကို ထားရစ်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ ။ ဒါ့အပြင် သူမဟာ Eminem, The Roots နဲ့ Smashing Pumpkins စတဲ့ နာမည်ကြီး အဆိုကျော်တွေရဲ. music videos တွေမှာလည်း ပါဝင်သရုပ်ဆောင်ခွင့် ရနေပါပြီ ။

၃ . Sunny Leone

၃ . Sunny Leone

သူမရဲ. နာမည်အမှန်က Karenjit Kaur Vohra ဖြစ်ပေမယ့် သူမကို Sunny လို့ပဲ လူသိများလှပြီး mainstream ရုပ်ရှင်လောကမှာ အနည်းငယ် အောင်မြင်နေပြီ ဖြစ်ပါတယ် ။ သူမကို ဟောလိဝုဒ် ရုပ်ရှင်တွေ ဖြစ်တဲ့ The Girl Next Door, Pirate’s Blood နဲ့ The Virginity Hut ဇာတ်ကားတွေမှာ ပရိသတ် အသိအမှတ်ပြု လာတာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ Sunny ဟာ ဟင်ဒီရုပ်ရှင်အသိုင်းအဝိုင်းမှာ ဇာတ်ကားတွေ ရိုက်ကူးလျှက်ရှိပြီး များမကြာခင် ထွက်ရှိလာဖို့ ရှိနေပါတယ် ။

သူမဟာ mainstream ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ခပ်ဟော့ဟော့ သရုပ်ဆောင်ခန်းတွေမှာ ရိုက်ကူးရလေ့ ရှိသူပါ ။ သူမဟာ အပြာမင်းသမီးအဖြစ် ဆုပေါင်းများစွာ ရရှိထားဖူးသူဖြစ်ပါတယ် ။

၂. Traci Lords

၂. Traci Lords

Traci Lords ရဲ. ဇာတ်ကြောင်းကတော့ အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းလှပါတယ် ။ သူမဟာ များစွာသော အပြာဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အချို.သော ဇာတ်ကားတွေရိုက်ကူးစဉ်မှာ သူမဟာ အသက်မပြည့်သေးပါဘူး ။ ဒါပေမယ့်လည်း သူမဟာ mainstream ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ မင်းသမီးအဖြစ် ရပ်တည်နိုင်အောင် သူမဟာသူမ ပြောင်းလဲနိုင်ခဲ့သူပါ ။ သူမဟာ အသက် ၁၈ နှစ် အရွယ်မှာ သရုပ်ဆောင်ပညာကို အသေအချာလေ့လာခဲ့ပြီး I လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ Hope They Serve Beer in Hell, Zack & Miri Make a Porno နဲ့ Devil May Call တို့လို အောင်မြင်တဲ့ ရုပ်ရှင်ကားပေါင်း ၁၂ ကားလောက် ရိုက်ကူးနိုင်ခဲ့ပါတယ် ။ ၁၉၈၈ ခုနှစ်ကစလို့ ရိုက်ကူးခဲ့တဲ့ ဒါဇင်ပေါင်းများစွာသော ဇာတ်ကားတွေကတော့ သိပ်မအောင်မြင်လှပါဘူး ။

သူမဟာ Gilmore Girls, Roseanne, Will and Grace, နဲ့ MacGuyver တို့လို ရုပ်မြင်သံကြားဇာတ်လမ်းပေါင်း ၂၇ ခုမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ ယနေ့မှာဆိုရင်တော့ Traci Lords ရဲ. နာမည်ကို အပြာဇာတ်ကားမင်းသမီး အဖြစ်ထက် mainstream မင်းသမီးအဖြစ် လူသိပိုများပါတယ် ။ သူမဟာ များစွာသော ဗီဒီယိုဂိမ်းတွေမှာလည်း သူမရဲ. အသံကို အသုံးပြုထားပြီး ဂီတလောကမှာလည်း အထိုက်အလျှောက် အောင်မြင်မှုရသူ တစ်ဦးဖြစ်ပါတယ် ။

နိဂုံးချုပ်ရမယ်ဆိုရင် သူမဟာ အသက်မပြည့်ခင်တုန်းက အပြာဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပေမယ့် ယနေ့မှာတော့ mainstream ဇာတ်ကားတွေမှာ အဖော်အချွတ်ခန်းတွေ ရိုက်ဖို့တောင် ငြင်းဆိုတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ ။

၁. Shu Qi

၁. Shu Qi

ှQi ဟာ မင်းသားကြီး Jason Statham နဲ့တွဲဖက်ပြီး ကမ္ဘာကျော်ဇာတ်ကားဖြစ်တဲ့ The Transporter ကို ရိုက်ကူးခဲ့တဲ့ မင်းသမီးပါ ။ သူမဟာ ထိုင်ဝမ်မင်းသမီးတစ်ဦးဖြစ်ပြီး အောင်မြင်တဲ့ mainstream ရုပ်ရှင်ကားတွေကို ရိုက်ကူးပြီး အပြာဇာတ်ကားတွေ ရိုက်ကူးနေခဲ့မှုကို အဆုံးသတ်နိုင်ခဲ့သူပါ ။ The Transporter နဲ့ The Eye 2 ဇာတ်ကားတွေဟာ သူမကို ထင်ရှားစေခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပြီး သူမပါဝင်ရိုက်ကူးခဲ့တဲ့ အခြားဇာတ်ကားအများစုကတော့ အာရှရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ သူမဟာ အပြာဇာတ်ကားမင်းသမီး ဘဝကနေ ကမ္ဘာသိ မင်းသမီးတစ်ယောက်အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သူပါ ။

ှQi ဟာ အပြာဇာတ်ကားအချို.မှာ ဆုပေါင်းများစွာ ရရှိခဲ့ပါတယ် ။ ဒါ့အပြင် mainstream ရုပ်ရှင်တွေမှာလည်း အကောင်းဆုံးမင်းသမီးအဖြစ် ဇကာတင်စာရင်းထဲ ကြိမ်ဖန်များစွာ ရွေးချယ်ခံရပြီး ဆုတွေလည်း ရရှိခဲ့ပါတယ် ။ သူမရိုက်ကူးခဲ့ဖူးတဲ့ အပြာဇာတ်ကားတွေ ဖြစ်တဲ့ Viva Erotica နဲ့ Sex & Zen II တို့လို ဇာတ်ကားတွေဟာ သူမရဲ. အတိတ်မှာပဲ ကျန်ခဲ့ပါပြီ ။

 

Ref : whatculture

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations