မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ဝင်ငွေရှာလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ် ။

ကိုယ့်မှာ website/blog တစ်ခုရှိမယ် ၊ ဆိုဒ်က အမြဲတမ်းလိုလိုလည်း ရေးဖြစ်တယ် ၊ ဝင်ကြည့်တဲ့လူလည်း အထိုက်အလျှောက်ရှိတယ် ဆိုရင်တော့ သင်ပိုင်ဆိုင်တဲ့ ဝက်ဆိုက်ကနေ ဝင်ငွေရှာနိုင်ပါတယ် ။ ဟုတ်ပါတယ် ads website တွေက ကြေငြာ code တွေရယူ ထည့်သွင်းပြီး သင့် website က ဝင်ငွေရနိုင်ပါတယ် ။ 

တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးနဲ့ ငွေအများဆုံး ပေးတဲ့ ကြေငြာဆိုဒ်ကတော့ google adsense ဆိုတာ အားလုံးသိထားပြီး ဖြစ်ပေမယ့် ဒီမှာကတော့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ဝက်ဆိုဒ်တွေကို လက်မခံတာမို့ ကျွန်တော်တို့ အတွက် အဆင်မပြေပါဘူး ၊ အဲ့တော့ အခြားဆိုဒ်တွေ ရှာရပါတယ် ၊ အဲ့ဒီမှာလည်း ဆိုဒ်တော်တော်များများက မြန်မာဘာသာစကားနဲ့ ပြုလုပ်ထားတဲ့ ဝက်ဆိုဒ်တွေကို လက်မခံကြပါဘူး။

ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့ ဆိုဒ်တွေကတော့ မြန်မာဘာသာစကားနဲ့ ဝက်ဆိုဒ်တွေကို လက်ခံပြီး ကျွန်တော်ကိုယ်တိုင်လည်း အထိုက်အလျှောက် အသုံးပြုဖူးတဲ့ ဆိုဒ်တွေပါ ၊ ကိုယ်နဲ့ သင့်တော်တဲ့ ဆိုဒ်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

အချို.ဆိုဒ်တွေက Referral System ပါတာမို့ ကျွန်တော့်ရဲ. Referral အနေနဲ့ ဝင်ရောက် အသုံးပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

2. imyanmarads

imyanmarads

မြန်မာနိုင်ငံရဲ. ကြေငြာဝက်ဆိုဒ်ပါ ၊ ဝက်ဆိုဒ်တော်တော်များများမှာ အသုံးပြုထားကြတာ တွေ့ဖူးမှာပါ ၊ ဒီဆိုဒ်က ကြေငြာတွေကို အသုံးပြုခွင့်ရဖို့ လျှောက်ထားရပါတယ် ။ imyanmarads က ကိုယ့်ဆိုဒ်ကို ကြည့်ပြီး ခွင့်ပြုမှ အသုံးပြုလို့ရပါတယ်။ လူဝင်များလေ ဝင်ငွေပိုရလေပါပဲ ဒီဆိုဒ်က တော်တော်အဆင်ပြေပါတယ် ။ ကိုယ့်ရဲ. ကြေငြာခငွေဟာ သုံးသောင်း အထက်ရှိရင် လစဉ် ၁၀ ရက်နေ့နောက်ပိုင်း မြန်မာပြည်တွင်းက ဘဏ် ၊ နိုင်ငံရပ်ခြားကဆို Paypal နဲ့ ငွေထုတ်ပေးပါတယ်။


Register ပြုလုပ်ရန် >> Click Here

3. Pop Cash

Pop Cash

PopCash ကတော့ နာမည်ကျော် pop under ads ဆိုဒ်တစ်ခုပဲ ဖြစ်ပါတယ် ၊ သူ့မှာ register ပြုလုပ်ပြီး ကိုယ့်ဆိုဒ်ကို ဖြည့်ပေးရပါမယ် ၊ ခွင့်ပြုချက်ကို စောင့်ရတယ် ဆိုပေမယ့် ဝက်ဆိုဒ်တိုင်းကို လက်ခံပါတယ် ၊ ဒီဆိုဒ်က ညစ်ညမ်းဝက်ဆိုဒ်တွေမှာလည်း အသုံးပြုနိုင်ပါတယ် ၊ သာမန်ဝက်ဆိုဒ်လား ညစ်ညမ်းဝက်ဆိုဒ်လား ဆိုတာသေချာလေး ရွေးပေးပြီးမှ ကြေငြာကုဒ်ရယူရပါမယ် ။ ကြေငြာခ ၁၀ ဒေါ်လာ ပြည့်ရင် Paypal ကနေ ထုတ်ပေးပါတယ် ၊ ပြည့်ပြီဆိုရင်တော့ ထုတ်ပေးဖို့ Request လှမ်းလုပ်ရပါတယ် ၊ ငွေပေးများတယ်လို့ ဆိုနိုင်ပါတယ် ။ ကျွန်တော်ရထားဖူးတာကို screenshot ပေးလိုက်ပါတယ်။ 


popcash က referrals ခွင့်ပြုတာမို့ ကျွန်တော့် refferral အနေနဲ့ ဝင်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်

Register ပြုလုပ်ရန် >> Click Here

4. Popads

Popads

popads ဟာလည်း popcash လိုပဲ နာမည်ကျော်  popunder ads ဆိုဒ်တစ်ခုပါ ၊ သူကလည်း ဆိုဒ်တိုင်းကိုလက်ခံပါတယ် ။ ကြေငြာခ ထုတ်ပေးမှုက ကိုယ်ငွေထုတ်မယ့် စနစ်ပေါ်မူတည်ပြီး ကွာခြားပါတယ် ။ Paypal နဲ့ဆို ငါးဒေါ်လာ Payoneer နဲ့ဆို ၂၀ ဒေါ်လာနဲ့ ဘဏ်ငွေလွှဲဆိုရင်တော့ ဒေါ်လာ ၂၀၀၀ ပြည့်မှ ထုတ်လို့ရမှာပါ ။ သူက ကိုယ့်ဆိုဒ်မှာ အခြားနက်ဝက်က popunder ads တစ်ခုခုထည့်ထားရင် ပေးမသုံးပါဘူး (ဒါကထူးခြားချက်ပါ) ။ popunder ကို သူ့ချည်းပဲ သီးသန့်သုံးရပါတယ် ၊ ဒါကြောင့် ကျွန်တော်ကတော့ မသုံးပါ ။

popads က referrals ခွင့်ပြုတာမို့ ကျွန်တော့် refferral အနေနဲ့ ဝင်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်

Register ပြုလုပ်ရန် >> Click Here

5. Yllix

Yllix

Yllix ကတော့ သုံးရအလွယ်ဆုံးဆိုဒ်ပါပဲ ၊ သူ့မှာ CPM ရော popup ရော ရှိပါတယ် ။ ကိုယ့်စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ပါတယ် ၊ သူက ညစ်ညမ်းဝက်ဆိုဒ်လည်း လက်ခံတာမို့ ad code ရယူရာမှာ သေချာရွေးချယ်ပြီးမှ ရယူထည့်သွင်းစေလိုပါတယ် ။ Yllix မှာကတော့ အကောင့်တစ်ခု ဖန်တီးတည်ဆောက်ပြီးတာနဲ့ Ad Tags မှာ ကြေငြာကုဒ်သွားဖန်တီး ရယူပြီး ကိုယ့်ဆိုဒ်မှာ သွားထည့်လိုက်ရုံပါပဲ ။ သူ့ဟာသူ အလိုအလျှောက် အလုပ်လုပ်သွားပါတယ် ။ ဒေါ်လာ ၁ ဒေါ်လာဆိုတာနဲ့ ငွေထုတ်ပေးပါပြီ ၊  ကျွန်တော်ရထားဖူးတာကို screenshot ပေးလိုက်ပါတယ်။ 

Yllix က referrals ခွင့်ပြုတာမို့ ကျွန်တော့် refferral အနေနဲ့ ဝင်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်

Register ပြုလုပ်ရန် >> 

http://yllix.com/publishers/193382" target="_blank">http://yllix.com/banners/aff/pub/468x60.jpg" border="0" />

6. Propellerads

Propellerads

Propellerads က သုံးကြည့်တာ မကြာသေးပေမယ့် နာမည်ကျော် ဝက်ဆိုဒ်တစ်ခုပါပဲ ၊ ညစ်ညမ်းဝက်ဆိုဒ်ကလွဲလို့ ဝက်ဆိုဒ်အားလုံးကို လက်ခံပါတယ် ။ သူ့ကလည်း CPM နဲ့ pop up ads ပြပေးတဲ့ ဝက်ဆိုဒ်ပါ ၊ ဒါပေမယ့် CPM ပိုက်ဆံမရသလောက်ပါပဲ ၊ သူ့ရဲ. နာမည်ပျက်ကလည်း ဒါပါပဲ ။ ဒါပေမယ့် pop up ads ကတော့ ဝင်ငွေတကယ်ရပါတယ် ၊ အတော်ကြမ်းကြမ်းကို ရတာပါ ၊ သူ့မှာ popup ads(onclick) နဲ့ mobile push ads က ဝင်ငွေအမြောက်အများ ရစေတာမို့ အဲ့ဒီဟာတွေကို ရွေးချယ်အသုံးပြုစေလိုပါတယ်။ တစ်ခုဆိုးတာက သူက လူတစ်ယောက်ဝင်တိုင်း စာမျက်နှာတစ်ခုသွားတိုင်း ကြေငြာစာရွက် တစ်ရွက် တက်တက်လာတာမို့ ကြာရင် သင့်ဝက်ဆိုဒ် နာမည်ပျက်စေနိုင်ပါတယ် ၊ ဒါပေမယ့် နည်းလမ်းရှိပါတယ် ၊ လူတိုင်းစာမျက်နှာတိုင်းမှာ ကြေငြာမတက်ဖို့ လုပ်လို့ရပါတယ် ၊ လုပ်ချင်ရင်တော့ ကျွန်တော်တို့ FB Page ကို မက်ဆေ့ခ်ျပို့ပြီး မေးပါလို့ ။

propellerads က referrals ခွင့်ပြုတာမို့ ကျွန်တော့် refferral အနေနဲ့ ဝင်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

Register ပြုလုပ်ရန် >> Click Here

7. a-ads.com

a-ads.com

နောက်ဆုံးတစ်ခု အနေနဲ့ a-ads ဆိုတဲ့ Bitcoin နဲ့ လည်ပတ်တဲ့ ကြေငြာဆိုဒ်လေးနဲ့ မိတ်ဆက်ပေးပါမယ် ။ သူကတော့ CPM သီးသန့်ပါ ငွေကိုလည်း Bitcoin နဲ့ပဲ ပေးပါတယ် ၊ ငွေအရနည်းပေမယ့် Bitcoin သုံးသူတွေ အသုံးပြုနိုင်ပါတယ် ၊ Paypal တို့ ဘာတို့ အခက်အခဲ ရှိသူတွေအနေနဲ့ အလွယ်တကူ bitcoin က အလွယ်တကူ ပြုလုပ်နိုင် ၊ ပြည်တွင်းမှာလည်း ရောင်းချလို့ ရနိုင်ပြီဆိုတော့ အဆင်ပြေပါတယ်။


Register ပြုလုပ်ရန် >> Click Here

ဒါကတော့ သိသလောက် မျှဝေပေးတာပါ ၊ အခက်အခဲရှိလို့ ဖြစ်စေ ၊ တစ်စုံတစ်ရာ သိလိုလျှင်ဖြစ်စေ FB Page ကို မက်ဆေ့ခ်ျပို့ပြီး မေးမြန်းနိုင်ပါတယ် ၊ အဆင်ပြေကြပါစေ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations