အွန်လိုင်းစွယ်စုံကျမ်းပေါ်မှာ ဖော်ပြထားတဲ့ အဖြစ်အပျက်တွေထဲက ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းပြီး ပြန်စဉ်းစားမိရင် ညဖက်အိပ်မပျော်တောင် ဖြစ်စေနိုင်မယ့် အကြောင်းအချက်တွေကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်

1. JOYCE VINCENT

 JOYCE VINCENT

Joyce Vincent အမည်ရှိသူမဟာ ဗြိတိသျှအမျိုးသမီးဟာ သူမနဲ့ ပတ်သက်တဲ့ မိတ်ဆွေအပေါင်းအသင်း ရှိရှိသမျှကို အဆက်အသွယ်ဖြတ်တောက်ပြီး သေဆုံးခဲ့သူပါ ။ သူမသေဆုံးသွားမှုကို သေဆုံးပြီး နှစ်နှစ်ကြာမှ သိရှိခဲ့ရပါတယ် ။ 

(wiki)

2. FLATWOODS MONSTER

FLATWOODS MONSTER

အနောက်ဗာဂျီးနီးယားပြည်နယ် Braxton County ဒေသ မှာ စက်တင်ဘာ ၁၂ ၊ ၁၉၅၂ ခုနှစ်တုန်းက တွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီထူးဆန်းတဲ့ ပုံရိပ်ကို Flatwoods မြို.မှာ တွေ့ရှိတာလို့ မှတ်တမ်းတွေက ဆိုပါတယ် ။ များစွာသော သတင်းပေးပို့ချက်တွေအရ ဒီပုံရိပ်ဟာ ၇ ပေခန့် အမြင့်ရှိပြီး ၊ အနက်ရောင် ခန္တာကိုယ် ၊ အနက်ရောင်မျက်နှာတို့ရှိတယ်လို့ ဆိုကြပါတယ် ။ 

(wiki)

3. TAMAN SHUD CASE

TAMAN SHUD CASE

Australia တောင်ပိုင်း ၊  Adelaid က Somerton  ကမ်းခြေမှာ ဒီဇင်ဘာ၁ရက် ၁၉၅၂ ခုနှစ် ၊ မနက် ၆ နာရီခွဲခန့်က ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အလောင်းတလောင်းကို တွေ့ရှိခဲ့ပါတယ် ။ သေဆုံးသူရဲ. အိပ်ကပ်ထဲက  “tamam shud” အဓိပ္ပါယ်အားဖြင့် ပြီးဆုံးခြင်းလို့ ဆိုတဲ့ စာသားရေးထိုးထားတဲ့ အပိုင်းအစလေးကို တွေ့ရှိခဲ့ပါတယ် ။ ခုဆိုရင် ၆၆ နှစ် ရှိပြီဖြစ်တဲ့တိုင် သေဆုံးသူဟာ ဘယ်သူလည်းဆိုတာ မသိရသေးပါဘူး 

( Wiki) 

4. RAT KING

RAT KING

သင့်အနေနဲ့ ကြွက်တွေဟာ ကြောက်လန့်စရာ မကောင်းဘူးလို့ တွေးမိကောင်း တွေးမိပေမယ့် Rat kings ကတော့ သင့်ကို ထိတ်လန့်စေပါလိမ့်မယ် ။ သူတို့ဟာ များစွာသော ကြွက်တွေဟာ သွေး ၊ ညစ်ပတ်တဲ့အရာများ ၊ ရေခဲ ၊ မြင်းမြှီး ၊ စတဲ့ ထူးခြားတဲ့ ပစ္စည်းတွေနဲ့ အတူ သူတို့ရဲ. အမြှီးတွေကို တစ်ကောင်နဲ့ တစ်ကောင် ချိတ်ဆက်ရာမှ ဖြစ်ပေါ်လာတဲ့ ကြွက်အစုအဝေးကြီးပဲ ဖြစ်ပါတယ် ။ 

(Wiki)

5. COTARD DELUSION

COTARD DELUSION

ဒါကတော့ ရှားရှားပါးပါး စိတ်ဝေဒနာတစ်မျိုးပါ ။ ဒီဝေဒနာခံစားနေရသူတွေဟာ သူတို့ကိုယ်သူတို့ သေဆုံးပြီးသားတွေလို့ ယူဆတက်ကြပါတယ် ။ 

(wiki)

6. PREMATURE BURIAL

PREMATURE BURIAL

၁၈၈၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ခုနှစ်က သေဆုံးပြီလို့ထင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို နယူးယောက်ခ်တိုင်းမ် မှာ ဖော်ပြခဲ့ပါတယ် ။ Jenkins လို့အမည်ပေးထားတဲ့ Buncombe County က လူတစ်ဦးရဲ. ခန္တာကိုယ်ကို အခေါင်းထဲက ထွက်နေတာကို တွေ့ရှိခဲ့ပါတယ် ။ အခေါင်းထဲမှာလည်း ကုတ်ခြစ်ထားတဲ့ အရာတွေကို တွေ့ရှိခဲ့ရပါတယ် ။ ၂၀၀၅ ခုနှစ်မှာလည်း အလောင်းပြင်သူထံကို သေဆုံးပြီးလို့ ယူဆရတဲ့ လူသေအလောင်းတစ်လောင်း ပေးပို့ခဲ့ပေမယ့် သူဟာ မသေဆုံးသေးပဲ သေဆုံးပြီလို့ အထင်ခံရတာပါ ။ ဒါကို အလောင်းပြင်သူက သတိထားမိပြီး ကယ်ဆယ်နိုင်ခဲ့ပါတယ် ။ အမှန်တကယ် သေဆုံးခြင်းမရှိပဲ မြုပ်နှံသဂြိုလ်ခြင်း ခံခဲ့ရသူတွေ ဘယ်လောက်တောင် ရှိမလဲဆိုတာကတော့ ဘယ်သူမှမသိနိုင်ပါဘူး ။ 

 (Wiki) 



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations