1. နောက်မကျပါစေနဲ့
ဘယ်သူနဲ့ မဆိုပါပဲ ချိန်းထားတဲ့အခါမှာ နောက်မကျသင့်ပါဘူး ၊ ချစ်သူစုံတွဲတွေမှာတော့ အမျိုးသားက ပိုလို့တောင် နောက်မကျသင့်ပါဘူး။
2. ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါ
အချို.သော အမျိုးသားတွေဟာ သဘာဝအားဖြင့် ရှက်တက်ပါတယ် ၊ ဒါဟာ မမှားပါပေမယ့် ၊ အချို.သော အမျိုးသမီးတွေအတွက်တော့ သိပ်အဆင်မပြေလှပါဘူး ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိနဲ့ ချစ်သူနဲ့ တွေ့တဲ့အခါမှာ ပြောဆို ဆက်ဆံသင့်ပါတယ် ။
3. ပုံမှန်မဟုတ်တာလေးတွေ ဖန်တီးပါ
အလွယ်ကူဆုံး ကတော့ ချိန်းတွေ့နေကျ နေရာကို အပြောင်းအလဲလုပ်ပါ ၊ ဒါက အလွယ်ဆုံးနဲ့ အမှတ်တရ အဖြစ်စေဆုံးပါပဲ။
4. ရည်းစားဟောင်း အကြောင်း မပြောပါနဲ့
ဒါကတော့ ရိုးရှင်းပါတယ်။ ၊ သင်လက်ရှိချစ်သူက သင့်ရည်းစားဟောင်း အကြောင်း သင်က ပြောတာကို မလိုလားတက်ပါဘူး ။ ဘယ်တော့မှ မပြောမိပါစေနဲ့။
5. သရုပ်ပျက် ဝတ်စားဆင်ယင်မှု မလုပ်မိပါစေနဲ့
သင်တစ်ယောက်ထဲ မဟုတ်ပါဘူး ၊ သင့်ချစ်သူနဲ့ပါ သင့်ရဲ. ဝတ်စားဆင်ယင်မှု ပုံစံကြောင့် သူမပါ အရှက်ရတာမျိုးက မဖြစ်သင့်ပါဘူး။
6. သူမကို ဂရုစိုက်ပေးပါ
သင့်မှာ ဘယ်လိုပဲ အခက်အခဲ ရှိရှိ ၊ ဘယ်လို အခြေအနေနဲ့ပဲ ရင်ဆိုင်နေရပါစေ .. သူမနဲ့ ချိန်းထားရင်တော့ သူမနဲ့တွေ့နေချိန်လေးမှာ သူမအပေါ် ဂရုစိုက်ပေးသင့်ပါတယ်။ သင်ခက်ခဲနေချိန်မှာတောင် သူ့အပေါ်ဂရုစိုက်တယ် ဆိုတာဟာ သင့်ရဲ. ရတောင့်ရခဲ အမှတ်တွေပါပဲ။
7. စားပွဲထိုးကို ကြင်နာပါ
သင်နဲ့ သင့်ချစ်သူ စားသောက်ဆိုင် ထိုင်ဖြစ်ရင် သင်တို့အတွက် ဝန်ဆောင်မှုပေးသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ ၊ ဒါဆိုရင် သင်ဟာ စိတ်ရှည်သည်းခံတက်ပြီး စိတ်ကောင်းရှိသူ အဖြစ် အမှတ်တက်နိုင်ပါတယ် ။
8. ဆွေးနွေးညှိနှိုင်းပါ
ဆွေးနွေးခြင်းဆိုတာဟာ အနုပညာတစ်ရပ်ပါပဲ ၊ သင်နဲ့သူဟာ ချစ်သူတွေ ဖြစ်ပြီဆိုမှတော့ ပြုလုပ်မယ့် အရာရာ မှန်သမျှကို ဆွေးနွေးညှိနှိုင်းရာမှာပါပဲ ၊ ဒီနေရာမှာ သင်က သူပြောလာရင် ငြိမ်သက်စွာနဲ့ စိတ်ရှည်ရှည် နားထောင်ပေးပြီး လက်မခံနိုင်ရင်တောင် ယဉ်ကျေးစွာနဲ့ အကျိုးသင့်အကြောင်းသင့် ရှင်းပြတက်ရပါမယ် ။ သင်ဖြစ်စေချင်တာကိုလည်း အမိန့်ပေးခိုင်းတာမျိုး မလုပ်ပဲ တောင်းဆိုဆွေးနွေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။
9. အချိန်ပေးပါ
သင်တို့နှစ်ယောက် ချိန်းတွေ့တဲ့အခါမှာ ဖုန်းကိုချည်းပဲ ပွတ်နေတာမျိုး ၊ ဒါမှမဟုတ် ပြန်ဖို့အချိန်ကိုပဲခဏခဏ ကြည့်နေတာမျိုး မလုပ်သင့်ပါဘူး ။ ဒါဟာ သူ့အပေါ် သင်က အလေးအနက် မထားရာ ရောက်ပါတယ် ၊ နောက်ပြီ သင်ဟာ ချိန်းတွေ့ဖို့ ပျင်းစရာ ကောင်းတဲ့ ချစ်သူမျိုးလို့ ယူဆသွားနိုင်ပါတယ်။
10. ငွေရှင်းခြင်း
တစ်ချိန်တုန်းကတော့ ယောင်္ကျားတွေက ငွေရှင်းတာဟာ ဂုဏ်တစ်ခု ၊ လိုအပ်ချက်တစ်ခု ဖြစ်ခဲ့နိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ ကွဲပြားသွားပါပြီ ။ ဒီတော့ ပိုက်ဆံရှင်းဖို့ ကိစ္စကို ယဉ်ယဉ်ကျေးကျေးနဲ့ ညှိနှိုင်းနိုင်ပါတယ် ။ ယောင်္ကျားလေးကဆိုရင် ကျွန်တော်ရှင်းပေးပါရစေ ဆိုတာမျိုး ဖြစ်သင့်ပြီး အမြဲတမ်းလည်း ယောင်္ကျားလေးကချည်း ဒိုင်ခံရှင်းပေးနေရင် အမျိုးသမီးဖက်က အောက်တယ်လို့ ခံစားသွားနိုင်ပါတယ်။
11. မျက်လုံးချင်း စကားပြောပါ
ချစ်သူနှစ်ဦးကြားမှာ မျက်လုံးချင်း စကားပြောဖို့ ၊ ခံစားချက်တွေ ဖလှယ်ဖို့ ဟာ အရေးကြီးပါတယ်။
12. ရွေးချယ်စရာ ဒုတိယတစ်ခုကို ကြိုစဉ်းစားထားပါ
သင့်ချစ်သူနဲ့ ချိန်းထားပြီး တကယ့်တကယ် ချိန်းထားတဲ့ နေရာက အဆင်မပြေတာမျိုး ဆို အခြားဘယ်နေရာကို ရွှေ့မလဲဆိုတာ ကြိုစဉ်းစားထားသင့်ပါတယ် ။ ဥပမာ ရုပ်ရှင်ကြည့်ဖို့ ဒီရုံမှာ လက်မှတ်မရတော့ရင် အခြားနောက်တစ်ရုံ ဘယ်ကို သွားမယ် ဒါမှမဟုတ် ရုပ်ရှင်မကြည့်တော့ပဲ ဘာလုပ်မယ်ဆိုတာ ကြိုပြီး စဉ်းစားထားသင့်ပါတယ် ။ အချိန်က တန်ဖိုးရှိတယ်လေ :)
Facebook Conversations