အမျိုးသမီး ၇၀၀ ကျော်ကို စစ်တမ်းကောက် ထားတဲ့ ရလဒ်ပါ ၊ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်

- သင့်အနေနဲ့ အာရုံတွေ အားလုံးကို သူမပေါ်မှာပဲ ထားရှိပြီး ဆက်ဆံစေလိုပါတယ် ၊ သင်ရဲ. သူမအပေါ်မှာ နှစ်သက်ကြောင်း ပြောဆိုမှုတွေဟာ သူမအတွက် ယုံကြည်မှု ပိုတိုးစေပြီး အကြိုက်တွေ့စေပါတယ်။

- ချစ်တင်းနှောရင်း အကြည့်ချင်းဆုံအောင် ကြိုးစားတာ ၊ နဲ့ အခြားသော ထိတွေ့မှုတွေဟာလည်း သင့်အတွက် အရေးကြီးပါတယ်။

- သူမပြီးဆုံးစေလိုတယ်ဆိုရင် သင်က သူမကို နှိုးဆွမှု သေချာပြုလုပ်ပေးရပါမယ် ၊ အစပျိုးနှိုးဆွမှု ကောင်းမွန်မှသာ ချစ်တင်းနှောစဉ်မှာလည်း ကောင်းမွန်မှု ရရှိမှာ ဖြစ်ပါတယ်။

- သင့်အနေနဲ့ ငြင်သာစွာ ဆက်ဆံတာ ၊ ထိတွေ့ကိုင်တွယ်တာကို မိန်းကလေး အများစုက လိုလားပါတယ်။

- အေးလွန်းတဲ့ ရာသီဥတုမျိုးမှာဆိုရင် မိန်းကလေးတွေရဲ. ခြေထောက်ဟာ အေးနေခဲ့ရင် ဘယ်လောက်ပဲ ဆက်ဆံမှု ကောင်းမွန်နေပါစေ ပြီးဆုံးမှာ မဟုတ်တော့ပါဘူး ၊ ဒီလိုပါပဲ ပူတဲ့အခါမှာလည်း ဒုက္ခရောက်ရပါတယ် ၊ ဒါကြောင့် မပူလွန်း မအေးလွန်း သက်သောင့်သက်သာ ရှိမယ့် ပတ်ဝန်းကျင်မျိုး ရွေးချယ်သင့်ပါတယ်။

- ဆက်ဆံမှ မဟုတ်ပါဘူး ၊ လက်နဲ့ ပါးစပ်တွေကို အသုံးပြုပြီးတော့ ပြုလုပ်ခြင်းကို ငယ်ရွယ်တဲ့ အမျိုးသမီးတွေက ပိုပြီးလိုလားပါတယ် 

- သင့်အတွက် တစ်ကိုယ်ကောင်း ဆန်ပြီး သင်ပြီးဖို့ပဲ မြန်မြန် ကြိုးစားတာမျိုး ရှောင်သင့်ပါတယ် ၊ သူမကိုလည်း စိတ်ကျေနပ်မှု ရအောင်လုပ်ပေးနိုင်ဖို့ အားထုတ်ပါ။

- အမျိုးသမီးအဂါင်္စိုစွတ်လာတိုင်း သူမ အဆင့်သင် ဖြစ်တာ မဟုတ်ပါဘူး ၊ သူမ စိတ်က အဆင်သင့်ဖြစ်ပြီဆိုမှ ချစ်တင်းနှောခြင်းကို စတင်သင့်ပါတယ်။

- သူမကို ဂရုစိုက်လွန်ပြီး မကြာခဏ ပြီးပြီလား ဆိုတာမျိုး မမေးမိပါစေနဲ့ ၊ သူမစိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် ၊ အခြားသော သွယ်ဝိုက်မေးခွန်းလေးတွေ မေးပြီးသာ သူမအခြေအနေကို စူးစမ်းသင့်ပါတယ် ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations