ဘယ်အရွယ်က လက်ထပ်ဖို့ အသင့်တော်ဆုံးလဲ ? ဘာကြောင့်လဲ ?

လေ့လာမှုတွေအရ လူသားတွေအနဲ့ လက်ထပ်ဖို့ အကောင်းဆုံး အသက်အရွယ်ကတော့ အသက် ၂၈ နှစ်ကနေ ၃၂ နှစ်ကြားပဲ ဖြစ်ပါတယ် ။ 

ဒီလေ့လာမှုကို Utah တက္ကသိုလ်က လူမှုဗေဒပညာရှင်  Nick Wolfinger က ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူ့ရဲ. လေ့လာမှုဟာ မိသားစုတွေအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ် ။ လူသားတွေအနေနဲ့ အသက် ၂၈ ကနေ ၃၂ ကြား အရွယ်ဟာ ရင့်ကျက်စပြုပြီး ဖြစ်သလို.. စီးပွားရေး ၊ လူမှုရေး စသဖြင့်ကလည်း အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး အနေအထားမှာ ရှိနေပါပြီ။

သားသမီးရယူဖို့ဆိုရင်လည်း ဒီအရွယ်ဟာ အသင့်တော်ဆုံးဖြစ်ပြီး ၊ ငယ်ရွယ်လွန်းတဲ့ မိဘတွေဆို သားသမီး ထိန်းကျောင်းမှုမှာ ပြသာနာတွေ ရှိလာနိုင်ပြီး အသက်ကြီးလွန်းရင်လည်း အဆင်မပြေလှပါဘူး ။ 

စီးပွားရေးအရဆိုရင်လည်း ဒီအရွယ်ဟာ အထိုက်အလျှောက် ဝင်ငွေရှိနေပြီမို့ ကိုယ်ပိုင်ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်မှာဖြစ်ပြီး ၊ လူမှုရေးအရလည်း သင့်တော်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations