ပီကေ၀ါးတာက ဘာတွေကောင်းစေလဲဆိုရင်....

သင်အပျင်းပြေ၀ါးနေတဲ့ပီကေရဲ့ အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါပဲ။ဒါပေမဲ့ သင့်ရဲ့ ပီကေကသကြားမပါတဲ့ ပီကေဖြစ်ဖို့တော့လိုပါတယ်။သကြားမပါတဲ့ပီကေက ဆယ်ကျော်သက်လူငယ်တွေ အတွက်ပိုပြီး အကျိုးကျေးဇူးများပါတယ်တဲ့။ပီကေရဲ့ အရသာကိုကြိုက်တာကြောင့်လူငယ်အများစုကလည်း အမြဲတမ်းအပျင်းပြေ၀ါးလေ့ရှိကြတာပါ။ပီကေရဲ့ အကျိုးကျေးဇူးလေးတွေကတော့...

၁။ခံတွင်းကျန်းမာရေးကောင်းမွန်စေတယ်

ပီကေ သင့်သွားတွေကိုပိုသန်မာစေပါတယ်တဲ့။၂၀၁၂တုန်းကလေ့လာချက်အရ ပီကေ၀ါးတာက ခံတွင်းကျန်းမာရေးအတွက်ကောင်းမွန်စေပြီး သွားနဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။

၂။ခံတွင်းနံ့ဆိုးကိုကာကွယ်ပေးတယ်

ပီကေတွေက အနံ့သင်းတာကြောင့်ခံတွင်းအနံ့ဆိုးထွက်တတ်တဲ့သူတွေ ဆောင်ထားသင့်ပါတယ်။ကြက်သွန်ဖြူစားပြီး အနံ့ဆိုးဖြစ်နေတာမျိုး၊အရက်သောက်ပြီးအနံ့ထွက်တာမျိုးကို သကြားမပါတဲ့ပီကေက အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ ခံတွင်းသန့်ရှင်ေးစတဲ့အတွက် ဘတ်တီးရီးယားပိုးတွေကိုလည်းကာကွယ်ပြီးသားဖြစ်စေပါတယ်။

၃။ကိုယ်အလေးချိန်ကျစေတယ်

ထူးထူးဆန်းဆန်းပါပဲ။ပီကေ၀ါးတာက ကိုယ်အလေးချိန်ကျစေပါတယ်တဲ့။ပီကေ၀ါးနေရင် အစားလည်းလျှော့စားဖြစ်ပါတယ်။တခြားသရေစာအချိုတွေစားမယ့်အစား ပီကေ၀ါးတာက ပိုပြီးသင့်တော်ပါတယ်။၂၀၁၅တုန်းက လေ့လာချက်အရ ပီကေ၀ါးတာက အစားစားချင်စိတ်ကိုလျော့နည်းစေတယ်လို့တွေ့ရှိခဲ့ရပါတယ်။

၎။အစာအိမ်နာ၊ဗိုက်နာတာကို သက်သာစေတယ်

သကြားမပါတဲ့ပီကေက အစာအိမ်အချဉ်ဖောက်တာမျိုးနဲ့ရင်ဘတ်၊အစာအိမ်နာကျင်တာ ကိုသက်သာစေပါတယ်တဲ့။ထမင်းစားပြီး ပီကေ နာရီဝက်လောက်ဝါးပေးတာက အချဉ်ဓာတ်ကို လျှော့ချပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။

၅။စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်

စိတ်ဖိစီးမှုတွေကိုတစ်ဖက်တစ်လမ်းကလျှော့ချပေးနိုင်တဲ့နည်းလမ်းကတော့ ပီကေပါပဲ။စိတ်ဖိစီးမှုကရုပ်ပိုင်းရော၊ စိတ်ပိုင်းပါထိခိုက်စေတဲ့အတွက်သင့်ရဲ့ စိတ်ညစ်မှုတွေကိုထိန်းချုပ်ဖို့ ပီကေ၀ါးပေးဖို့လိုပါတယ်။နေ့တိုင်း ၁၅မိနစ်၊နာရီဝက်ဝါးပေးခြင်းဖြင့်စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်ပါတယ်။

၆။မှတ်ဥာဏ်ပိုကောင်းစေတယ်

ပီကေ၀ါးတာက ဦးနှောက်ထဲကသွေးကြောစီးဆင်းမှုကိုမြှင့်တင်ပေးပါတယ်။အဲ့ဒါကြောင့် ဦးနှောက်ထဲက အောက်စီဂျင်ကိုပိုတိုးရစေပြီး ပိုပြီးမှတ်မိလွယ်လာပါစေတယ်တဲ့။မျက်စိအမြင်အာရုံကိုလုည်းကောင်းမွန်စေတယ်လို့ ၂၀၁၃က လေ့လာတွေ့ရှိချက်အရသိရပါတယ်။တကယ်လို့တစ်ခုခုကိုမေ့နေရင် ပီကေ၀ါးလိုက်တဲ့အခါ မြန်မြန်သတိရလာပါတယ်တဲ့။

သတိထားရမယ့်အချက်တွေကတော့...

ပီကေကို သကြားပါတာမရွေးဖို့ပါပဲ။သကြားပါတဲ့ပီကေတွေကသင့်သွားကို ပျက်စီးစေတဲ့အပြင်တခြားအကျိုးကျေးဇူးတွေလည်းရနိုင်မှာမဟုတ်ပါဘူး။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations