ကိုယ်အလေးချိန်လျှော့ချတာနဲ့ပတ်သက်ပြီး ကိုယ်တွေသိထားတဲ့ဆောင်ရန်၊ရှောင်ရန်တွေက တစ်ခါတစ်ရံ မှားယွင်းနေတတ်ပါ တယ်။

ကိုယ်အလေးချိန်လျှော့ချတာနဲ့ပတ်သက်ပြီး ကိုယ်တွေသိထားတဲ့ဆောင်ရန်၊ရှောင်ရန်တွေက  တစ်ခါတစ်ရံ မှားယွင်းနေတတ်ပါ တယ်။ဥပမာ ဘယ်အချိန်မှာထမင်းမစားရတော့ဘူးတို့၊ဘယ်အစားအစာက ကယ်လိုရီများတယ်တို့ စသဖြင့်မှတ်ထားပြီး အဲ့ဒါတွေကိုရှောင်တတ်ကြပါတယ်။ကျွမ်းကျင်ပညာရှင်တစ်ချို့ရဲ့ လေ့လာချက်တွေအရ ကိုယ်အလေးချိန်လျှော့တော့မယ်ဆိုရင် ကိုယ်တွေလုပ်လေ့ရှိတဲ့ဆောင်ရန်ရှောင်ရန်တစ်ချို့ကမှားယွင်းနေတာ ကိုတွေ့ရှိခဲ့ရပါတယ်။ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွတ်အောင်လျှော့ချတာနဲ့ပတ်သက်ပြီး ဘာတွေမှားနေလဲ၊ဘာတွေကအမှန်လဲဆိုရင်...

၁)ည၆နာရီကျော်ရင် ဘာမှမစားရတာမဟုတ်ပဲ မအိပ်ခင် ၃နာရီကနေ ၄နာရီအတွင်းမှာ အစာချေဖျက်ဖို့မလွယ်တဲ့ အစားအစာတွေမစားသင့်ပါဘူး။ပေါ့ပါးပြီး အစာကြေညက်လွယ်၊ အာဟာရပြည့်တဲ့အစားအစာတွေကိုသာ စားပေးသင့်ပါတယ်။၆နာရီကျော်ရင်မစားရတော့ဘူးဆိုတာနဲ့ ၅နာရီဆိုအစားတွေအများကြီးစားလိုက်တာက မှားယွင်းနေပါတယ်။

၂)ပေါင်မုန့်ဖြူထက်ပေါင်မုန့်ညိုက ကျန်းမာရေးအတွက်ပိုကောင်းတယ်၊ကယ်လိုရီနည်းတယ်ဆိုတဲ့အချက်က မှားပါတယ်။ပေါင်မုန့်ညိုနဲ့ပေါင်မုန့်ဖြူမှာပါတဲ့ ကယ်လိုရီအချိုးအစားက တူညီသလောက်ပါပဲ။

၃)လတ်ဆတ်တဲ့အသီးဖျော်ရည်က ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပြီး အတိုင်းအဆမရှိသောက်လို့ရတယ် ဆိုတဲ့အယူအဆကမှားနေပါတယ်။တစ်နေ့ကိုဖန်ခွက် ၃ခွက်စာထက် ပိုပြီးမသောက်သင့်ပါဘူး။

၎)ဆူရှီက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာဆိုပြီး သိထားကြပါတယ်။ တကယ်တော့ ဘယ်လိုဆူရှီနဲ့အချဉ်ရည်အမျိုးအစားဖြစ်ဖြစ် ကယ်လိုရီအများကြီးပါဝင်ပါတယ်တဲ့။

၅)ချောကလက်က ကျန်းမာရေးအတွက်မကောင်းဘူးဆိုတဲ့အချက်ကမှားနေပါတယ်။ချောကလက်ထဲမှာမှ ချောကလက်အမည်းအနည်းငယ်စားပေးတာကကျန်းမာရေးအတွက်အကျိုးပြုစေပါတယ်။

၆)နည်းနည်းပဲစားရင်ကိုယ်အလေးချိန်ကျမယ်ဆိုတဲ့အသိက မှားယွင်းနေပါတယ်တဲ့။တကယ်တော့ တစ်နေ့ကို ထမင်းပုံမှန်စားချိန် သုံးချိန်မဟုတ်ပဲတစ်နေ့ကို ၅ကြိမ် ၊၆ကြိမ်လောက် နည်းနည်းစီစားပေးတာက အမှန်တကယ်ကိုယ်အလေးချိန်ကျဆင်းစေတာပါ။အစာခြေဖျက်အားကောင်းလေကိုယ်အလေးချိန်ကျဆင်းလေပါပဲ။

၇)တစ်နေ့ကို ရေဖန်ခွက် ၆ခွက်ကနေ ၈ခွက်ထိသောက်ပေးသင့်တယ်ဆိုတာထက် သင့်ခန္ဓာကိုယ်က ရေ၈ခွက်စာမက လိုအပ်နေတယ်၊သောက်ချင်နေတယ်ဆိုရင်သောက်ပေးဖို့လိုပါတယ်။

၈)သံလွင်ဆီက ကယ်လိုရီနည်းလို့ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာက မှားနေပါတယ်။ တကယ်တော့သံလွင်ဆီမှာ တစ်ခြားဆီတွေထက်ကယ်လိုရီပိုများပါတယ်။ဒါပေမဲ့ တစ်ခြားဆီတွေထက်ပိုပြီး ကျန်းမာရေးအတွက်သင့်တော်ကောင်းမွန်ပါတယ်။

၉)သကြားညိုက သကြားဖြူထက်ပိုပြီး ကျန်းမာရေးအတွက်သင့်တော်တယ်ဆိုတဲ့အသိ ကိုဖျောက်ပစ်လိုက်ပါတော့။တကယ်တော့ သကြားညိုနဲ့သကြားဖြူမှာရှိတဲ့ ကယ်လိုရီပမာဏာက အတူတူပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations