သူလိမ်နေတာကိုသိနိုင်မယ့်နည်းလမ်းကတော့....

မိန်းကလေးတိုင်းက သူတို့ချစ်သူဆီက အမှန်တရားစကားတွေကိုသာကြားချင်ကြတာပါ။ဒါပေမဲ့ တစ်ခါတစ်လေ ဘ၀ဆိုတာမထင်မှတ်ထားတာတွေဖြစ်တတ်ပါတယ်။ချစ်သူသက်တမ်းကြာလာပေမဲ့ သင့်ချစ်သူက ခြေလှမ်းပျက်လာတာမျိုး ၊တွေ့ဖို့ကိုရှောင်နေတတ်တာမျိုး၊ဒါမှမဟုတ် သင့်ကိုအရင်လို အချိန်မပေးနိုင်တော့ တာမျိုးကိုသတိထားမိနေပြီလား? အရင်က အလိမ်အညာတွေမပြောဖူးပေမဲ့ အခုတော့ပြောနေပြီလား? မိန်းကလေးတွေကသူတို့ချစ်သူနဲ့ပတ်သက်ရင်အသေးစိတ်ကအစ အာရုံခံမိတတ်ပါတယ်။သင်နဲ့စကားပြောဆိုနေပေမဲ့ သူပြောတဲ့အကြောင်းကသင့်ကိုလိမ်ပြောနေတာမှန်း စိတ်ထဲကထင်လာတဲ့အခါ ဒီအချက်လေးတွေက သင့်ချစ်သူ သင့်အပေါ်လိမ်နေတာဖြစ်ကြောင်း သက်သေပြနေပါတယ်။

ကိုယ့်အပေါ်တစ်ယောက်ယောက်လိမ်နေပြီဆိုရင် သူတို့ကိုသေချာဂရုတစိုက်ကြည့်သင့်ပါတယ်တဲ့။လိမ်ညာနေပြီဆိုရင် အဲ့လူတစ်ယောက်ဟာ ဂနာမငြိမ်တော့ပါဘူး။ကိုယ်လိမ်ပြောနေတာမပေါ်ဖို့အတွက် အမူအရာတစ်ခုခုလုပ်ပြီးပြောလေ့ရှိပါတယ်။ဒါကပဲ သူတို့လိမ်နေတယ်ဆိုတာ ပေါ်လွင်နေစေတာပါ။

လေ့လာချက်တွေအရ လိမ်ပြောနေတဲ့သူတွေမှာ များသောအားဖြင့် ဒီလိုတုံ့ပြန်တဲ့အမူအရာတွေဖြစ်တတ်တာကို တွေ့ရှိခဲ့ရပါတယ်။တစ်ချို့အမူအရာတွေက လိမ်ပြောနေပေမဲ့ ထိတ်လန့်နေတာမျိုး၊တစ်ချို့ကျေတော့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်ဓာတ်ပြုမှုတွေကြောင့်ပါတဲ့၊ဥပမာ...ကိုယ်နဲ့စကားပြောနေတဲ့အချိန် တစ်ဖက်လူက မျက်နှာကို     နှာခေါင်း ဒါမှမဟုတ် ပါးကို ထိနေတယ်၊မျက်နှာကိုပွတ်သပ်နေတယ်၊လည်ပင်းကို ပွတ်သပ်နေတတ်တယ်။ လိမ်ပြောတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ဓာတ်ပြုမှုတွေကြောင့် ယားယံလာတတ်တဲ့အတွက် အခုလို ဟိုဟိုဒီဒီပွတ်သပ်တာတွေဖြစ်လာတာပါတဲ့။

ပြီးတော့ လိမ်ညာပြောနေတဲ့အချိန်မှာ အာခေါင်တွေခြောက်လာမယ်၊  ချွဲသလိပ်တွေ ထွက်မယ်။ ချောင်းတွေ ခဏခဏဆိုးတာ ဒါမှမဟုတ် လည်ချောင်းရှင်းတာတွေလုပ်လာတတ်ပါတယ်။အဓိကကတော့ မျက်လုံးပါ။လိမ်ပြောနေတဲ့လူဟာ တစ်ဖက်လူကိုမျက်လုံးချင်းဆုံပြီးမကြည့်ရဲပါဘူး။မျက်လုံးကစိတ်ရဲ့ တံခါးပေါက်ဖြစ်လို့ မျက်လုံးမှာပေါ်လွင်နေတတ်ပါတယ်။အဲ့ဒီအခါ လိမ်ပြောနေတဲ့သူက သူ့ရဲ့ မျက်လုံးတွေကို တောင်စဉ်ရမရ ရွေ့လျားတတ်ပါတယ်။တစ်နေရာတည်းမှာငြိမ်ပြီးပြောနေတာမဟုတ်ပဲ ဟိုလျှောက်ဒီလျှောက်နဲ့သင့်ကိုစကားပြောနေမယ်၊မျက်နှာချင်းမဆုံမိအောင်ရှောင်နေမယ်ဆိုရင်တော့ သင့်ချစ်သူကသင့်ကိုလိမ်ညာနေတာဖြစ်ဖို့သေချာသလောက်ပါပဲ။

အကောင်းဆုံးကတော့ သူပြောတဲ့အတိုင်းလိမ်ညာခံမလား၊ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်းဖြေရှင်းလိုက် မလားရွေးချယ်ဖို့ပါပဲ။သူဘာလို့လိမ်ညာပြောရတာလဲဆိုတာကိုသာ ပွင့်ပွင့်လင်းလင်းမေးလိုက်တာ နှစ်ယောက်လုံးအတွက်ကောင်းမွန်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations