ခြင်ကိုက်ဖုကပျောက်သွားရင်တောင် အဲ့ဒီနေရာက ထပ်ပြီးယားယံလာတာဘာကြောင့်လဲဆိုရင်...

လူတိုင်းခြင်ကိုက်ခံရဖူးပါတယ်။အထူးသဖြင့် မိုးရာသီလိုရေမြောင်း၊ရေပုပ်တွေဖြစ်တဲ့အချိန် ခြင်တွေအများကြီးပေါက် ဖွားလာတတ်ပါတယ်။ ဒီလိုခြင်ကိုက်ခံရတဲ့အခါ အကိုက်ခံလိုက်ရတဲ့အရေပြားက ယားယံလာတတ်ပြီး အဖုလေးတွေဖြစ်လာတတ်ပါတယ်။တစ်ခါတစ်လေကျ ခဏတာကုတ်လိုက်ပြီး ပျောက်သွားတာရှိသလို ခဏခဏပြန်ယားလာလို့ကုတ်လိုက်၊ပျောက်လိုက်ဖြစ်နေတာတွေရှိတတ်ပါတယ်။အရေပြား Sensitive ဖြစ်သူတွေဆိုနီရဲလာပြီး အဖုက ယားလေကုတ်လေ  ပိုကြီးလေဖြစ်လာပါတယ်။

"ဘာလို့ အဲ့ဒီလိုခဏခဏ ယားယံလာတာလဲ၊ခြင်ကိုက်ဖုက ဘာလို့အကြာကြီးအရေပြားမှာဖြစ်နေတာလဲ"ဆိုရင် ဆေးပညာလောကရဲ့ ပရော်ဖက်ဆာဆရာဝန်တစ်ယောက်ဖြစ်တဲ့ Bernard Cohen ရဲ့ ပြောပြချက်အရ ခြင်ကိုက်ခံရတဲ့အခါ ခြင်တွေက အရေပြားထဲကို သူတို့ရဲ့ တံတွေးတွေထိုးသွင်းလိုက်ပါတယ်။အဲ့ဒီအခါ နီရဲလာမယ်။ယားယံမှုတွေဖြစ်လာမယ်။ဒါပေမဲ့ တစ်ချို့သူတွေကျတော့ ခြင်ကိုက်ခံရလို့ ကုတ်ရင်းကနေ အရေပြားနဲ့ပတ်သက်ပြီး အရေးပေါ်ကုသရတာတွေဘာတွေလိုအပ်လာတာမျိုးတွေရှိကြပါတယ်လို့သိရပါတယ်။ဒါပေမဲ့ ဒီလို Allergic မျိုးမရှိပဲ ခြင်ကိုက်ဖုနေရာကယားယံနေတုန်း၊ကုတ်နေရတာမျိုးလည်းရှိတတ်ပါတယ်လို့ ပရော်ဖက်ဆာ Xinzhong Dongကပြောခဲ့ဖူးပါတယ်။အဲ့ဒါကဘာလို့လဲဆိုရင် တစ်ခြားသူတွေထက် သူတို့က ခြင်ရဲ့ တံတွေး၊သားရေနဲ့ ဓာတ်မတည့်တဲ့အတွက်ကြောင့်ပါ။အဲ့ဒါကြောင့်ခြင်ကိုက်တဲ့အခါ အရေပြားကို အရမ်းကုတ်ခြစ်လိုက်တဲ့အတွက် အရေပြားပျက်စီးပြီး တံတွေးသားရည်တွေပျံ့နှံ့ကာ ယားယံမှုတွေ တစ်ရက်နှစ်ရက်မကဖြစ်လာတော့တာပါပဲ။

ပြီးတော့ နောက်ထပ်အကြောင်းပြချက်သီအိုရီတစ်ခုလည်းရှိပါသေးတယ်တဲ့။"တကယ်လို့ ခြင်ကိုက်ခံရပြီး အဲ့ဒီနေရာကို တအားကုတ်ခြစ်လိုက်မယ်ဆိုရင်အရေပြားပျက်စီးမှုဖြစ်ပြီး ခြင်ရဲ့ တံတွေးကြောင့်ကူးစက်ရောဂါပါ ရရှိနိုင်ပါတယ်"လို့ Dong ကဆက်ပြောပြခဲ့ပါတယ်။ခြင်ကိုက်ခံရတဲ့အခါ လက်မောင်းနဲ့ပေါင်အရေပြားမှာအကိုက်ခံရတာထက် လက်နဲ့ခြေထောက်မှာ အကိုက်ခံရတဲ့ခြင်ကိုက်ဖုကပိုပြီး ကြာကြာယားယံစေတယ်လို့လည်းသိရပါတယ်။

အဲ့ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ ကုတ်ခြစ်လိုက်တာထက် ခြင်ကိုက်ဖုနေရာကို သံပုရာရည်အနည်းငယ်ဆွတ်ပေးထား တာမျိုး၊သံပုရာသီးစိတ်လေးတင်ပေးထားတာမျိုး၊ရေခဲတုံးလေး ပွတ်ပေးလိုက်တာမျိုး၊ရေနဲ့မုန့်ဖုတ်ဆိုဒါအနည်းငယ် ရောစပ်ပြီးလိမ်းပေးထားတာမျိုး၊သနပ်ခါးလေးအနည်းငယ်သွေးလိမ်း ပေးထားတာမျိုးလုပ်ပေးသင့်ပါတယ်။ယားယံမှုကို သက်သာစေပြီး ခြင်ကိုက်ဖုပျောက်ကင်းသွားစေနိုင်ပါတယ်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations