ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်း <3

ဒီတစ်ခါတော့ Running Man ပရိသတ်ကြီးအတွက် အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သလို မင်းသမီးတစ်လက် လည်းဖြစ်တဲ့ Song Ji-hyo နဲ့ပတ်သက်တဲ့အကြောင်းလေးတွေပြန်ပြီးမျှဝေပေးမှာဖြစ်ပါတယ်။RM ရဲ့ ပရိသတ်ဆို ACE Ji Hyo ရဲ့ လူသိနည်းသေးတဲ့အချက်လေးတွေကိုသိထားသင့်တယ်နော်။Ji Hyo လေးနဲ့ပတ်သက်ပြီး ပရိသတ်တွေအသိနည်းသေးတဲ့အချက်တွေကဘာတွေလဲဆိုရင်...

၁)သူမကို variety pro လို့တောင်တင်စားကြတယ်တဲ့။RM စကတည်းက တစ်ဦးတည်းသောမိန်းကလေး အဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး အစီအစဉ်တစ်ခုလုံးကိုသူမက ထိန်းထားနိုင်သူတစ်ယောက်ပါ။သူမရဲ့အရည်အချင်းကြောင့် Mong Ji-hyo (Blank Ji-hyo) ၊ Song Ji-yok ၊Ace ဆိုပြီးနာမည်ပြောင်တွေရရှိခဲ့ပါတယ်တဲ့။အဖွဲ့ဝင်တွေကိုလည်း အရမ်းဂရုစိုက်ပြီး ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်လေးပါ။

၂)ဘယ်နေရာဖြစ်ဖြစ်အိပ်ပျော်တတ်သူလေး။သူမရဲ့မျက်လုံးကိုပိတ်ပြီး ၃စက္ကန့်အတွင်းမှာအိပ်ပျော်သွားတတ်လို့  sleepyhead လို့လည်းခေါ်ကြတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ် တကယ်အိပ်ပျော်တာ RM Fan လေးတွေသိကြပါတယ်။၇မီတာလောက်ရှည်တဲ့ Jenga Stick ထိပ်ပေါ်ရောက်နေတာတောင်အိပ်ပျော်တယ်ဆို မင်းဘာပြောမလဲ :P ဒါပေမဲ့လည်းချစ်စရာကောင်းနေတုန်းပါပဲတဲ့။အိပ်ပျော်တစ်ဝက်မပျော်တစ်ဝက်နဲ့ထလုပ်တဲ့ မစ်ရှင်တွေမှာဆိုပိုပြီးရယ်စရာကောင်းပြီးချစ်ဖို့ကောင်းပါတယ်။

၃)သူမရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကားက သရဲကားပါ။၂၀၀၃ ခုနှစ်တုန်းက Wishing Stairs ဆိုတဲ့ဇာတ်ကားမှာပါဝင်ဖို့သွားယှဉ်ပြိုင်ခဲ့ပြီးမိန်းကလေးအယောက်၃၀၀၀ ထဲကမှ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခွင့်ရရှိခဲ့သူလေးဖြစ်ပါတယ်။

၎)သူမရဲ့ မောင်လေးကိုလည်းအရမ်းချစ်တာပါတဲ့။အခုဆိုရင်တော့ Ji Hyo ရဲ့ မောင်ဖြစ်သူ Cheon Seong-moon က အနုပညာလောကထဲကိုဝင်ရောက်နေပါပြီ။RM မှာလည်း မကြာခဏဧည့်သည်အဖြစ်ပါဝင်သလို အရမ်းချစ်ကြတဲ့မောင်နှမအဖြစ်လည်းအဖွဲ့ဝင်တွေကသိကြပါတယ်။တစ်ခါတစ်လေတော့ မောင်လေးက အစ်မရဲ့ ချစ်စရာအတွင်းရေးအကြောင်းတွေထုတ်ထုတ်ပြောပြတတ်တာကလွဲလို့ပေါ့ :P

၅)လှပသလို ကျန်းမာရေးကိုလည်းလိုက်စားသူတစ်ယောက်ပါ။ကျန်းမာအောင်နေထိုင်စားသောက်ပြီး အလှအပရေးရာကို ထိန်းသိမ်းသူတစ်ယောက်ပေါ့။အလှအပဆိုင်ရာကြော်ငြာတွေ၊ ဖက်ရှင်ကြော်ငြာတွေ မှာဆိုရင်လည်း သူမရဲ့ ကြော်ငြာတွေချည်းပါပဲ။အသက်အရွယ်ထက်ပိုပြီးနုပျိုနေသူပါ။

၆)သူများတွေကဘယ်လိုပဲ Gary ကိုရုပ်ဆိုးတယ်မြင်မြင် Ji Hyo ကတော့ သူမရဲ့ Monday Couple ဖြစ်တဲ့ Gary ကိုချစ်ဖို့ကောင်းပြီးဆွဲဆောင်မှုရှိတယ်လို့ထင်ပါတယ်တဲ့။

၇)Ji Hyo တစ်ယောက် သူမရဲ့ အင်တာတိန်းမန့်က စီအီးအိုနဲ့ချစ်သူတွေဖြစ်နေတုန်းက ပရိသတ်တွေက သူမကိုစိတ်ဆိုးခဲ့ကြပါသေးတယ်။ပရိသတ်တွေကသူမကို Gary နဲ့ပဲ Couple ဖြစ်စေချင်ကြတာပါ။

သတင်းကောင်းတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ မကြာခင်မှာ ယူတို့ရဲ့ Ace Ji Hyo လေးကို ရုပ်ရှင်ဒရာမာဇာတ်လမ်းတွဲတွေအများကြီးမှာ မြင်တွေ့ရတော့မှာပါ <3

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations