နေပူဆာလှုံတာလား photobomb လုပ်နေတာလား မသဲကွဲတော့ဘူး

ဒီလိုအဖြစ်အပျက်မျိုး ယူတို့တော့ကြုံဖူးမယ်မထင်။အဖြစ်ကတော့ ရယ်ရခက်ငိုရခက်၊ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာတော့ကိုယ်တိုင်ပဲ ဖတ်ပြီးဆုံးဖြတ်ကြည့်ပါတော့။

Mirror သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ Devon မြို့ရဲ့ ပန်းခြံတစ်ခုမှာ Mark Ling နဲ့ Mandy Cripwell ဆိုတဲ့စုံတွဲလေးက မင်္ဂလာအခမ်းအနားကျင်းပခဲ့ကြပါတယ်။ဇွန်လ ၃၀ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး ဖြစ်ချင်တော့သူတို့မင်္ဂလာအခမ်းအနားနဲ့မနီးမဝေးမှာ နေပူဆာလှုံနေတဲ့အမျိုးသမီးတစ်ယောက် လည်းရှိခဲ့ပါတယ်တဲ့။သူများတွေမင်္ဂလာဆောင်နေတဲ့အချိန် ထိုအမျိုးသမီးကတော့ အေးအေးလူလူပဲ ဘာကိုမှဂရုမစိုက်နေပူဆာလှုံနေခဲ့ပါတယ်။

ဧည့်သည်တွေကလည်း တဖြည်းဖြည်း ရှုပ်ယှက်ခတ်လာသလို သူမကလည်းကြားထဲက ကိုးလိုးကန့်လန့်နဲ့ပါနေတယ်။ ဓာတ်ပုံရိုက်တော့လည်း မလွတ်မလပ်နဲ့ပေါ့။ဧည့်သည်တွေကသူမရဲ့ အသိစိတ်နဲ့သူမ ထထွက်သွားမလား လို့စောင့်နေပေမဲ့ သူမကတော့ လှုပ်တောင်မလှုပ်ပါဘူး။အဲ့ဒါကြောင့်ဓာတ်ပုံဆရာကလည်း သူမရဲ့ ပုံမပါအောင် သတို့သားသတို့သမီးဓာတ်ပုံတွေ၊ဧည့်သည်တွေရဲ့ ဓာတ်ပုံတွေကို သေချာရိုက်ကူးပေးခဲ့ရပါတယ်။

ဧည့်သည်တစ်ယောက်က သူမနဲ့ ၁၀မိနစ်ကြာအောင်ဆွေးနွေးပြီးကာမှ ထိုအမျိုးသမီးက မင်္ဂလာဆောင်နေတဲ့နေရာနားကနေ ထွက်သွားပါတယ်တဲ့။ဒါတောင်လူပဲထထွက်သွားကာ သူမရဲ့ ပစ္စည်းတွေအကုန်အဲ့ဒီနေရာမှာပဲထားခဲ့တာပါ။ထိုအမျိုးသမီးမထွက်သွားခင် အသက် ၂၈နှစ်အရွယ် Natalie Ling ဆိုသူက ဗီဒီယိုရိုက်ကူးထားပြီး ဒီလိုရိုင်းစိုင်းပြီးလေးစားမှုမရှိတဲ့အမျိုးသမီးကိုခုမှတွေ့ ဖူးတယ်ဆိုတဲ့သဘောသက်ရောက်တဲ့ Caption မျိုးရေးကာ အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။

ဗီဒီယိုကြည့်ပြီးတဲ့သူတစ်ချို့ကလည်းဒီလိုမျိုးလူတွေရှုပ်ယှက်ခတ်နေ၊ဧည့်သည်တွေဟိုသွားဒီသွားလုပ်နေတာတောင် မလှုပ်မယှက်နဲ့နေပူဆာလှုံနေတ အံ့သြမိပါရဲ့ ။ဓာတ်ပုံဆရာကတော့အခက်တွေ့တာပဲဆိုပြီးထိုအမျိုးသမီးကို အပြစ်တင်ထား ကြပါတယ်။အဲ့ဒီအမျိုးသမီးက မင်္ဂလာဆောင်ဓာတ်ပုံတွေ၊အလှဓာတ်ပုံတွေ အတွက်နေရာကောင်း တစ်ခုမှာ နေပူဆာလှုံနေတာပဲ။ဓာတ်ပုံဆရာက မင်္ဂလာပွဲအတွက် ဓာတ်ပုံကောင်းကောင်းရလား မရဘူးလားတောင်မသိတော့ဘူးဆိုပြီးပြောသူကတစ်ဖုံ၊ လူအများသွားလာနေတဲ့ပန်းခြံဖြစ်လို့အရင်ရောက်နေတဲ့သူက ဖယ်ပေးစရာမလိုဘူး၊ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် လို့ပြောသူကတစ်မျိုးနဲ့ ဝေဖန်သံတွေဆူညံနေပါတော့တယ်။ ဗီဒီယိုရိုက်ကူးခဲ့တဲ့ Natalie ဆိုတဲ့အမျိုးသမီးက ဒီမင်္ဂလာပွဲကိုတက်ဖို့ လန်ဒန်တောင်ပိုင်းကလာရောက်ခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကိုယုံတောင်မယုံနိုင်ဘူး ၊အံ့သြမိတယ်လို့ပြောခဲ့ပါတယ်။ဗီဒီယိုလေးကြည့်ကြည့်လိုက်ပါဦး။

ဘယ်လောက်ပဲအရင်ရောက်ရောက် ကိုယ်သာသူ့နေရာမှာဆိုရင်တစ်ခြားနေရာကိုရွေ့ပေးမိမှာပါ။ကိုယ်လည်း နေပူဆာလှုံလို့ရ၊သူတို့လည်းလွတ်လွတ်လပ်လပ်ဓာတ်ပုံရိုက်လို့ရအောင်ပေါ့။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations