လူသားကောင်လေးနဲ့ရွှေငါးမလေး <3

ဒီတစ်ခါတော့ Animation လေးတွေကြိုက်တဲ့ပရိသတ်တွေအတွက်ဒါရိုက်တာ  Hayao Miyazaki ရိုက်ကူးထားတဲ့ ဂျပန် animated fantasy ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားလေးနာမည်ကတော့ "Ponyo" ပါ။ ၂၀၀၈ခုနှစ်ကထွက်ရှိခဲ့တာဖြစ်လို့ ကြည့်ပြီးတဲ့ပရိသတ်တွေလည်းရှိမှာပါ။မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်တော့ဒီကားလေးက စိတ်ဝင်စားစရာကောင်းသလို ချစ်ဖို့လည်းကောင်းတာကြောင့် အချိန်ကုန်လည်းတန်တဲ့ဇာတ်ကားလေးဖြစ်တယ်လို့ညွှန်းပါရစေ။

Rating အရလည်း 7.7/10 ရှိတဲ့ဒီဇာတ်ကားလေးဟာ Anime ရုပ်ရှင်ကားတွေထဲမှာ ငွေကြေးအမြောက်အမြားစိုက်ထုတ်ရိုက်ကူးရတဲ့ဇာတ်ကားစာရင်းမှာနံပါတ်လေးနေရာက ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်တော့ Sosuke ဆိုတဲ့လူသားကောင်လေးတစ်ယောက်က ပင်လယ်ကမ်းခြေမှာ သောင်တင်လာတဲ့ရွှေငါးလေးတစ်ကောင်နဲ့တွေ့ရော။Sosuke က ထိုရွှေငါးလေးကိုကောက်ယူလိုက်ပြီး Ponyo ဆိုတဲ့နာမည်လေးပေးထားခဲ့ပါတယ်။

တကယ်တော့ Ponyo က လူတစ်ပိုင်း၊ရွှေငါးတစ်ပိုင်းလို့ပြောရမလား။သူမရဲ့ အဖေက လူသားသိပ္ပံပညာရှင်ပါ။Ponyo မှာညီအစ်မတွေလည်းအများကြီးရှိပြီး တစ်ရက်မှာတော့ Ponyo လေးက ပင်လယ်ထဲမှာလျှောက်သွားရင် ငါးနှစ်အရွယ် Sosuke လေးနဲ့တွေ့ခဲ့တာပါ။အဲ့ဒီနောက်တော့ Ponyo ကို ဖမ်းသွားတယ်လို့ထင်တဲ့ အဖေဖြစ်သူက  သူ့ရဲ့ သမီးကိုလိုက်ရှာပြီးပင်လယ်ထဲကိုပြန်ပြီးခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့လူသားတစ်ယောက်နဲ့ရင်းနှီးသွားခဲ့သလို လူသားကောင်လေးရဲ့ သွေးစက်ကိုလျက်မိလိုက်တဲ့ရွှေငါးမလေးက လူသားဖြစ်ချင်စိတ်တွေပေါ်လာခဲ့ပြီးသူမရဲ့ မှော်အစွမ်းကိုသုံးကာ ခြေလက်တွေထွက်လာအောင်လုပ်ခဲ့ပါတော့တယ်။

အဲ့ဒီနောက်တော့ သူမကိုကာကွယ်ပေးပြီးသူမကိုမြင်ရင်ပျော်ရွှင်တတ်တဲ့ Sosoke ဆိုတဲ့ကောင်လေးကိုရှာဖွေတဲ့ဇာတ်လမ်းလေးပါ။သူတို့နှစ်ယောက်ပြန်ဆုံတွေ့မလား? လူသားတွေကိုမုန်းနေတဲ့Ponyo လေးရဲ့ အဖေကရော သူ့သမီးကိုပင်လယ်ထဲပြန်ခေါ်မလား?လူသားမျက်နှာနဲ့ငါးမလေးကို တွေ့ရလို့ မုန်တိုင်းဖြစ်မလားဆိုတဲ့ယူဆချက်တွေ၊ရွှေငါးမလေးရဲ့ ထူးခြားတဲ့မှော်အစွမ်းလေးတွေ၊Ponyo ကရော ငါးမလေးပဲပြန်ဖြစ်မလား၊လူသားပဲဖြစ်သွားမလားဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။အားလပ်ရက်မှာ ဒီကားလေးကြည့်ပြီးအပန်းဖြေကြနော် 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations