ဒီတစ်ခါတော့ ယောက်ျားလေးတွေရဲ့ အချစ်ရေးအတွက်ပေါ့ ;)

ကိုယ်သဘောကျနေတဲ့ကောင်မလေးကို ရင်းနှီးမှုရအောင်ကြိုးစားပေမဲ့ သူမဘက်က မထုံတက်တေးလုပ်နေတာမျိုးပေါ့။အဲ့ဒါတင်မက ဒီလိုအပြုအမူတွေပါ လုပ်နေတာလား?သူတို့ဒီအပြုအမူတွေလုပ်နေတာကလည်း အကြောင်းရင်းတွေရှိပါတယ်...

အတိတ်အကြောင်းကို ပြန်အစမဖော်ဘူး

သင့်ဘက်က သူ့အတိတ်အကြောင်းနဲ့ပတ်သက်ပြီးစကားစရင်တောင် သူမကစကားစဖြတ်ပစ်တာမျိုး။တစ်ခြားစကားလမ်းကြောင်းလွှဲလိုက်တာမျိုးလုပ်နေလား? သူမဘက်က သင့်ကိုသဘောကျတဲ့အရိပ်အယောင်မျိုးရှိနေပေမဲ့ တစ်ခုခုခြားထားသလိုမျိုးဖြစ်နေလိမ့်မယ်။ဒါပေမဲ့ အဲ့ဒါဘာကြောင့်လဲသင်မသိဘူး။တကယ်တော့ သူမရဲ့ အတိတ်နဲ့ပတ်သက်ပြီး သင့်ကိုပြောပြလိုက်ရင် သင့်ဘက်က သူမကိုစိတ်ပျက်စရာရှာတွေ့သွားမှာကိုကြောက်နေလို့ပါ။

သင့်ဘက်က စကားတွေပြောနေပေမဲ့ သူမရဲ့ စာပြန်တာတွေကတော့နောက်ကျနေတယ်

ဒါက သူမဘက်က တွေဝေနေလို့ပါ။သင်နဲ့ရင်းနှီးချင်ပေမဲ့ သင်နဲ့သံယောဇဉ်ပိုခိုင်မြဲလာရင် သူမခံစားရမှာကြောက်နေလို့ပါ။အဲ့ဒါကြောင့် သင့်ကိုအဝေးကိုတွန်းထုတ်နေတာပါ။

သူမကို အဆင်ပြေလားဘာညာမေးတဲ့အခါတိုင်း အဆင်ပြေတယ်ပဲဖြေတတ်တယ်

အလုပ်ကိစ္စ၊သူငယ်ချင်း၊မိသားစုကိစ္စတွေနဲ့ပတ်သက်ပြီးဘာပဲမေးမေး အမြဲအဆင်ပြေတယ်ပဲဖြေနေတယ်။ဒါပေမဲ့ သူမတကယ်အဆင်ပြေမပြေဆိုတာတော့သင်ဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူး။သူမက သူမရဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး သင်မသိအောင်နံရံတစ်ခုဆောက်နေသလိုပါပဲ။သူမရဲ့ အားနည်းချက်ကိုသင့်ကိုဘယ်တော့မှပြမှာမဟုတ်ပါဘူး။

သူမအကြောင်းကိုသိဖို့ကြိုးစားလေ သူမဘက်က ခံစားချက်တွေကိုပိုပြီးပိတ်လေပါပဲ 

သင်က သူမအကြောင်းကိုသိဖို့ကြိုးစားလေ သူမဘက်က ခံစားချက်တွေကိုပိုပြီးဖုံးကွယ်လေပါပဲ။သူမဘာကြောင့်ဒီလိုလုပ်နေရတာလဲသင်မသိပေမဲ့သင့်ဘက်က တဖြည်းဖြည်းသူမကို လက်လျော့သွားမယ်လို့သူမကထင်နေတာပါ။

အလွန်အကျွံစဉ်းစားလေ့ရှိတယ်


သင့်ဘက်ကတစ်ခုခုပြောရင်တောင် စိတ်ရင်းမှန်နဲ့ပြောတာလား။ဘယ်လိုသဘောမျိုးနဲ့ပြောတာလဲဆိုတာ သူမကအမြဲစဉ်းစားလေ့ရှိတယ်။သင့်ဘက်ကသူ့ကို ချစ်တယ်၊သဘောကျတယ်ပြောရင်တောင်သူမဘက်က အလွယ်တကူယုံကြည်လိုက်မှာမဟုတ်ပါဘူး။သင်ပြောတဲ့ အတည်စကားကို သူမက ရယ်သွမ်းသွမ်းလိုက်တာမျိုး။မယုံသလိုပြောတာမျိုးလုပ်ပါလိမ့်မယ်။သူမကတော့ ဒါက သူမကိုယ်သူမ မနာကျင်အောင်ကာကွယ်တာလို့ထင်လိမ့်မယ်။ဒါပေမဲ့ တကယ်တော့ အဲ့ဒါက သူမရဲ့ ဒဏ်ရာဟောင်းကိုပိုနက်အောင်လုပ်နေသလိုပါပဲ။

သင့်ကိုဘယ်တော့မှအကူအညီမတောင်းဘူး


လူတစ်ယောက်ကိုအကူအညီတောင်းတာမျိုး၊မှီခိုတာမျိုးလုပ်လွန်းရင် သူမဘက်က ခံစားချက်ကပိုနက်နဲလာမှာဖြစ်သလို သူမဘက်ကအကူညီတောင်းလိုက်လို့သင့်ဘက်က ငြင်းလိုက်မှာမျိုးကိုလည်း ကြောက်နေပါလိမ့်မယ်။အဲ့ဒါကြောင့်သင့်ကိုဘယ်တော့မှဘာအကြောင်းနဲ့မှအကူအညီတောင်းလေ့မရှိပါဘူး။

သူမက သင့်ကိုအဝေးကိုတွန်းထုတ်နေလိမ့်မယ်

တစ်ခါနာကျင်ဖူးထားတာဖြစ်လို့ သူတို့အတွက် သင်က အချစ်စစ်ဆိုရင်တောင် အလွယ်တကူယုံနိုင်မှာမဟုတ်ပါဘူး။သူမက သင်နဲ့ဝေးကွာဖို့ကြိုးစားပါလိမ့်မယ်။သင့်ဘက်ကလည်း သူမကိုလက်လျော့ချင်လာလောက်တဲ့အထိပေါ့။သူမက ဒါ သင့်ကိုအခွင့်အရေးပေးနေတာပါပဲ။သူမထင်ထားသလိုသူမက သင့်ကိုအဝေးကိုနှင်ထုတ်နေပေမဲ့ ထွက်မသွားပဲ သူမလက်ကိုတင်းတင်းဆုပ်ကိုင်ထားသင့်ပါတယ်။အဲ့ဒီလိုမဟုတ်ပဲ သူမထင်ထားသလို သင်ကလက်လျှော့သွားတယ်ဆိုရင် နောက်ထပ်သူမအနားကိုချဉ်းကပ်လာမယ့်သူအတွက် နံရံက နှစ်ချပ်စာလောက်ဖြစ်သွားမှာပါ။သူမ ဒီလိုအပြုအမူတွေလုပ်နေတယ်ဆိုတာ သင်က အရင်လူတွေနဲ့မတူဘူးဆိုတာသေချာအောင်လုပ်နေတာပါ။

တကယ်လို့များ သင်ချဉ်းကပ်နေတဲ့မိန်းကလေးက ဒီလိုအပြုအမူတွေလုပ်နေရင် သင်က သူများတွေလိုမဟုတ်ပဲ သင့်ရဲ့ အချစ်က တကယ်စစ်မှန်တယ်ဆိုတာ သူမ သိအောင်ကြိုးစားပါ။အလွယ်တကူလက်မလျော့ပါနဲ့။သူတို့က နောက်ထပ်နာကျင်ရမှာကိုကြောက်နေတာပါ။အဲ့ဒါကြောင့် သူတို့အတွက် သင်အမြဲရှိနေတယ်ဆိုတာ သက်သေပြလိုက်ပါ <3

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations