Ariel ရဲ့ ဆံပင်အနီရောင်ဖြစ်နေရတဲ့အကြောင်းလေး ဖတ်ကြည့်လိုက်ဦးနော်

သင်က 90 ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဆိုရင် ရေသူမဆိုတာနဲ့ Ariel ကိုတန်းမြင်မိမှာပါ။ပြီးတော့ ဆံပင်အနီရောင်နဲ့ရေသူမလေးဆိုပြီးဆက်ပြီးမြင်မိမှာပေါ့။

ကာတွန်းကားကြိုက်တဲ့ပရိသတ်တွေ၊ကလေးတွေကအစ ရေသူမလေး Ariel ကိုသိကြပြီးသားဖြစ်မှာပါ။ဒါပေမဲ့ Ariel ရဲ့ ဆံပင်က ဘာလို့အနီရောင်ဖြစ်နေတာလဲသိကြရဲ့လား? Disney Animator တွေက ရေသူမလေးရဲ့ဆံပင်ကို အနီရောင်ဖြစ်စေခဲ့တဲ့အကြောင်းကတော့ရိုးရှင်းပါတယ်။ကာတွန်းကားချစ်သူတွေအတွက်တော့ဒီရိုးရှင်းတဲ့အချက်လေးကအစသိချင်ကြတာပါ။အဲ့ဒါကြောင့် buzzy ပရိသတ်ကြီးကို ရေသူမလေးဆံပင်ကို ဘာလို့အနီရောင်ဖြစ်စေခဲ့တဲ့အကြောင်းလေးကို ဗဟုသုတအနေနဲ့ပြောပြပေးသွားပါမယ်။

၁၉၈၄ခုနှစ်တုန်းက live-action ဇာတ်ကားဖြစ်တဲ့ Splash ဆိုတဲ့ဇာတ်ကားမှာ မင်းသမီး Daryl Hannah က ရေသူမလေး Madison ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။လူသားကောင်လေး Tom Hanks နဲ့ချစ်ကြိုက်သွားကြတဲ့ဇာတ်လမ်းလေးပေါ့။အဲ့ဒီဇာတ်ကားဟာ အရမ်းကိုအောင်မြင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။

Splash ဇာတ်ကားထွက်ရှိပြီး နောက်ငါးနှစ်အကြာမှာ Disney animator တွေက "The Little Mermaid" ကိုဖန်တီးခဲ့ကြပါတယ်။Oh My Disney တာဝန်ရှိသူရဲ့ ပြောစကားအရ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အာရုံအစိုက်ရဆုံးကတော့ Ariel ရဲ့ ဆံပင်ပါပဲ။ပထမတော့ အားလုံးက Ariel ရဲ့ ဆံပင်ကို ရွှေရောင်လုပ်ချင်ခဲ့ကြတာပါ။ဒါပေမဲ့ တစ်ချို့က Hannah ရဲ့ ဇာတ်ကောင် Madison နဲ့ဆင်တူနေမယ်လို့တွေးမိခဲ့ကြပါတယ်။ပြီးတော့ Ariel ရဲ့ အစိမ်းရောင်အမြီးနဲ့အနီရောင်ဆံပင်က ပိုပြီးလိုက်ဖက်မှုရှိမယ်လို့ဆုံးဖြတ်ခဲ့ကြပြီး နောက်ဆုံးမှာ Ariel အတွက် ဆံပင်ကိုအနီရောင်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် ရေသူမလေး Ariel ရဲ့ ဆံပင်က အနီရောင်ဖြစ်ပြီး အစိမ်းရောင်အမြီးလေးနဲ့လိုက်ဖက်လှပနေတာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations