ယူတို့ရဲ့မင်းသားချော Lee Seung Gi နဲ့ Moon Chae Won တို့ရဲ့ ဇာတ်ကားလေး

ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ကိုရီးယားမင်းသားချော Lee Seung-gi ရဲ့ ဇာတ်ကားကောင်းလေးညွှန်းပေးချင်ပါတယ်။Love Forecast ဆိုတဲ့ဇာတ်ကားလေးပါ။

မင်းသမီးကတော့ Moon Chae Won ဖြစ်ပြီးဒါရိုက်တာ Park Jin Pyo ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မိန်းကလေးနဲ့ယောကျာ်းလေးကြားက ဆက်ဆံရေးဟာ နူးညံ့လိုက် ရှုပ်ထွေးလိုက်နဲ့မျိုးစုံရှိတဲ့အကြောင်း ခပ်ပါးပါးလေးဖော်ပြထားတဲ့ဇာတ်လမ်းပုံစံလေးပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းကြေညာသူ Kim Hyun-woo (Moon Chae-won) ဟာ အလှအပကြောင့်ရော၊အလုပ်ကျွမ်းကျင်မှုကြောင့်ပါ နာမည်ကျော်ကြားသူတစ်ယောက်ပါ။ဒါပေမဲ့သူမက အရက်သောက်တတ်တယ်။ပြီးတော့ အရမ်းဆဲဆိုတတ်တယ်ဆိုတာလေးကတော့ off-screen လေးပေါ့။

သူမမှာ ၁၈နှစ်နီးပါးခင်မင်လာတဲ့ သူငယ်ချင်း  Kang Joon-soo (Lee Seung-gi)ရှိပါတယ်။သူကတော့ အချစ်ရေးမှာအမြဲတမ်းကံမကောင်းတတ်သူပေါ့။မူလတန်းဆရာတစ်ယောက်ဖြစ်ပြီး အချစ်ရေးမှာ အမြဲတမ်းစွန့်ပစ်ခြင်းခံနေရတဲ့ Kang Joon Soo ဟာ သူငယ်ချင်းမလေးအပေါ် နှစ်ပေါင်းများစွာ ခရက်ရှ်လာတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Hyun Woo က သူငယ်ချင်းဆိုတဲ့စည်းလေးခြားထားတဲ့နောက်သူတို့ ဘယ်လိုဆက်သွားကြလဲ?ဒီကြားထဲမှာဘယ်လိုရှုပ်ထွေးတဲ့ပြဿနာတွေဖြစ်လာမလဲ?သူတို့ကြားမှာသူငယ်ချင်းဆိုတဲ့စည်းကို ခွာချနိုင်မလား ဒါမှမဟုတ် သူငယ်ချင်းလေးပါပဲ ဆက်ပြီးဖြစ်သွားမလားဆိုတာကိုပရိသတ်ကြီးကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations