ဝန်ကြီးကားထဲကမင်းသားလို့ နာမည်ကြီးနေတဲ့ Mahesh Babu ရဲ့အမိုက်စားဇာတ်ကားလေး

အိန္ဒိယဇာတ်ကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် မင်းသားချော Mahesh Babu ပါဝင်ထားတဲ့ "Spyder" ဇာတ်ကားအကြောင်းလေးညွှန်းပေးချင်ပါတယ်။

၂၀၁၇ တုန်းကထွက်ရှိခဲ့တာဖြစ်ပြီး ကြည့်ရှုသူပရိသတ်တွေဆီက ဝေဖန်စကားတွေရော၊အကောင်းမြင်စကားတွေပါ ရောပြွန်းရရှိခဲ့တာပါ။Rating 6.9/10 ရှိသလို အချိန်ပေးပြီးကြည့်ရှုရတာတန်တဲ့ အက်ရှင်ဒရာမာ ဇာတ်ကြမ်းကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံလေးက  Shiva (Mahesh Babu) ဟာ လူတိုင်းရဲ့ ဖုန်းဆက်သွယ်မှုတွေ၊မက်ဆေ့ခ်ျတွေအားလုံးကို နားထောင်ပြီးဝင်ရောက်ကြည့်ရှုလို့ရတဲ့ စပိုင်တစ်ယောက်ပါ။တစ်ရက်မှာတော့ မီးတွေပျက်နေလို့အိမ်မှာတစ်ယောက်တည်းမနေရဲဘူးလို့ သူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်အကူအညီတောင်းနေတဲ့မိန်းကလေးရဲ့ ဖုန်းကိုနားထောင်မိခဲ့ပါတယ်။အဲ့ဒါနဲ့ ကလေးမလေးအိမ်ကိုသွားဖို့ Shiva က သူ့သူငယ်ချင်းရဲမေတစ်ယောက်ကိုအကူညီတောင်းပြီးစိတ်အေးလက်အေးနေရာကနေ နောက်တစ်နေ့အရောက်မှာတော့ ကလေးမလေးရော သူငယ်ချင်းဖြစ်သူပါ ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုကြားခဲ့ရပါတော့တယ်။

Shiva က သူ့ကိုယ်သူအပြစ်တင်စွာနဲ့ဒီအလုပ်ကနေထွက်ဖို့လုပ်ပေမဲ့ နောက်ထပ်အမှုအခင်းတွေ၊လူသတ်မှုတွေမဖြစ်အောင် ကာကွယ်ရဦးမယ်ဆိုတဲ့အသိနဲ့ ဖုန်းနားထောင်တဲ့အလုပ်ကိုဆက်ပြီးလုပ်ခဲ့ပါတယ်။အဲ့ဒီမှာပဲ ဆက်စပ်မှုရှိလာတဲ့လူသတ်မှုတွေကို တွေ့လာပြီး shiva တစ်ယောက် စိတ္တဇလူသတ်သမားကိုဖမ်းဆီးမိနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ကြားထဲမှာ မင်းသမီးShalini (Rakul Preet Singh) ရဲ့ထူးခြားပြီးရယ်စရာကောင်းတဲ့ဖုန်းကောလ်ကလည်းဝင်လာပြီး Shiva နဲ့ဘယ်လိုဆက်သွယ်မိသွားလဲဆိုတာ ဟာသလေးနဲ့ရောနှောပြီးကြည့်ရှုရမှာပါ။

လူသတ်သမားကဥာဏ်ပြေးသလို ရက်လည်းရက်စက်တဲ့စိတ္တဇလူဆိုးတစ်ယောက်ပါ။သူ့ကို Shiva ဘယ်လိုဥာဏ်ဆင်ပြီးဖမ်းဖို့ကြိုးစားမယ်။ဘယ်လိုအခက်အခဲတွေ၊အသက်အန္တရာယ်တွေကြုံရဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations