မြန်မာဆန်ဆန်လေးနဲ့လှနေသော မတ်မတ်

မအေးသောင်းလို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အနုပညာရှင်မလေး အေးဝတ်ရည်သောင်းဟာ မတ်လ ၁၇ရက်နေ့က မန္တလေးမှာကျင်းပတဲ့ ယူနိုက်တက်ဗွီးရှင်း (United Vision) မျက်မှန်ဆိုင် ရဲ့ (၂၁) နှစ်မြောက် အထူးဈေးရောင်းပွဲတော်ကို တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

့Photo Credit:Aye Thaung's fb acc

့Photo Credit:Aye Thaung's fb acc

ပြီးတော့ မန္တလေးမြို့တော်ကြီးရဲ့ ကျုံးဘေးတစ်လျှောက်စက်ဘီးလေးတစ်စီးနဲ့လျှောက်လည်ခဲ့ပုံပါ။သူမရဲ့ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ 

"ဆုမတောင်းဖြစ်တော့ပါဘူး

ကိုယ့်ကိုမချစ်တဲ့သူ အနားမှာရှိနေဖို့

ဆုမတောင်းဖြစ်တော့ပါဘူး

မင်းရည်းစားကို မေ့ပါစေလို့

ဆုမတောင်းဖြစ်တော့ပါဘူး

မနက်ဖြန်တိုင်းမှာတွေ့ကြရဖို့

အရှိအတိုင်းလေးပဲ လက်ခံလိုက်တယ်

ကိုယ့်ဆုတောင်းတွေပြည့်ရင် မင်းဝမ်းနည်းမှာမို့...."ဆိုတဲ့စာသားလေးနဲ့ မြန်မာဆန်ပြီးကျက်သရေရှိလှတဲ့ပုံရိပ်လေးတွေကို တင်ပေးထားတာမြင်တွေ့ရပါတယ်။မအေးသောင်းကို ချစ်တဲ့ပရိသတ်တွေအတွက် ပုံလေးတွေပြန်ပြီးဖော်ပြပေးလိုက်တယ်နော်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations