Captain America ရဲ့ အစွမ်းအစကိုဖြင့် အထင်မသေးစေလို...

အတည်တကျ RS သာမရှိသေးတာ Chris Evans ဒိတ်ခဲ့တဲ့မိန်းကလေးတွေဆိုတာ နာမည်ကျော်တွေ၊အချောအလှတွေချည်းပါ။Captain America လို့ လူသိများတဲ့ Chris Evnas တွဲခဲ့တဲ့မိန်းမလှစာရင်းမှာဘယ်သူတွေပါဝင်နေလဲ၊ဘယ်သူတွေနဲ့ကောလဟာလ ဒိတ်သတင်းထွက်ရှိခဲ့ဖူးလဲဆိုတာ တစ်ချက်လောက်ရှိုးလိုက်ပါဦး 

Jessica Biel

Jessica Biel

Chris Evans ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ မင်းသမီး Jessica Biel နဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ငါးနှစ်တာချစ်သူတွေဖြစ်ခဲ့တဲ့အချိန်မှာ သူတို့ဟာ လက်ထပ်ဖို့ထိ၊ကလေးလေးတွေယူကြဖို့ထိ ဆွေးနွေးတိုင်ပင်ခဲ့ဖူးတယ်လို့ မင်းသမီး Jessica Biel က ဖွင့်ဟခဲ့ဖူးပါတယ်။Evans ဟာလည်းအရမ်းချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ကြောင်း၊သူမရဲ့မွေးနေ့အတွက် အိပ်ရာပေါ်မှာ နှင်းဆီပန်းတွေဖြန့်ကျဲပေးခဲ့ဖူးကြောင်းလည်း ပြောပြခဲ့ပါတယ်။ပြတ်စဲရတဲ့အကြောင်းရင်းကိုတော့ အတိအကျပြောပြတာမျိုးမရှိခဲ့ပါဘူး။

Elizabeth Olsen

Elizabeth Olsen

၂၀၁၆ ထဲမှာပဲ အတူတွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီး Elizabeth Olsen နဲ့ဒိတ်သတင်းကောလဟာလထွက်ရှိခဲ့ပါသေးတယ်။ဒါပေမဲ့ ဘယ်သူကမှ အတည်ပြုခဲ့ခြင်းမရှိပါဘူး။

Lily Collins

Lily Collins

Chris Evans ဟာ ၂၀၁၅ တုန်းက မင်းသမီးချောလေး Lily Collins နဲ့ ဒိတ်ခဲ့ဖူးပါတယ်။

Minka Kelly

Minka Kelly

၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ထိ Chris Evans နဲ့ မင်းသမီး Minka Kelly တို့ဟာ တွဲလိုက်ဆက်လိုက်၊ပြန်တွဲလိုက် ပြန်ဆက်လိုက်နဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်ခဲ့ဖူးပါတယ်။

Lucy Pinder

Lucy Pinder

၂၀၁၅ မှာတော့ Chris Evans ဟာ အင်္ဂလိပ်မော်ဒယ်လ် Lucy Pinder နဲ့ ချစ်သူဖြစ်နေကြောင်းသတင်းထွက်ရှိခဲ့ဖူးပါတယ်။ဒါပေမဲ့လည်း အတည်ပြုထားခြင်းမရှိခဲ့ပါဘူး။

Sandra Bullock

Sandra Bullock

Chris ဟာ မင်းသမီး Sandra Bullock နဲ့လည်းချစ်သူတွေဖြစ်နေတယ်လို့ ၂၀၁၄ တုန်းက ကောလာဟာလ သတင်းထွက်ခဲ့ပါသေးတယ်။

Christina Ricci

Christina Ricci

၂၀၀၇ ခုနှစ်တုန်းက Chris Evans နဲ့ Christina Ricci တို့ဟာ Met Gala ပွဲကိုနှစ်ယောက်အတူတက်ခဲ့ပြီးတဲ့နောက် ချစ်သူတွေဖြစ်နေတယ်ဆိုပြီးသတင်းထွက်ရှိခဲ့ဖူးပါတယ်။

Kristin Cavallari

Kristin Cavallari

ကောလဟာလသတင်းတွေအရ Chris နဲ့ မင်းသမီး Kristin Cavallari တို့ဟာ ၂၀၀၈ ခုနှစ်တုန်းက ခဏတွဲခဲ့သေးတယ်လို့သိရပါတယ်။

Jenny Slate

Jenny Slate

Gifted ဆိုတဲ့ဇာတ်ကားမှာ အတူသရုပ်ဆောင်ပြီးခဲ့တဲ့နောက် Chris Evans နဲ့ Jenny Slate တို့ဟာ စပြီးလက်တွဲခဲ့ကြပါတယ်။၂၀၁၆ မှာတွဲခဲ့ပြီး ၂၀၁၇ အစပိုင်းမှာပြတ်စဲသွားကြပါတယ်။အဲ့ဒီနောက် ၂၀၁၇ နိုဝင်ဘာမှာ ထပ်တွဲပြီး ၂၀၁၈ မတ်လမှာတော့ ထပ်ပြီးလမ်းခွဲပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။

သူနောက်ဆုံးတွဲခဲ့တဲ့ မိန်းကလေးက မင်းသမီး Jenny Slate ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ Chris Evans ဟာ သူ့ရဲ့ အနုပညာအလုပ်တွေအပေါ်မှာသာ အာရုံစိုက်ထားဆဲဖြစ်ပြီး ဒိတ်သတင်း မကြားရသေးပါဘူး။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations