Hande Erçel
ပထမဆုံးနေရာမှာရပ်တည်နေသူကတော့ တူရကီမင်းသမီးမော်ဒယ်လ် Hande Erçel ပါ။အသက် ၂၅နှစ်အရွယ်သူမကို ၂၀၁၉ ရဲ့ အချောဆုံး အလှဆုံးမင်းသမီးအဖြစ်ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
Liza Soberano
ဒုတိယမြောက်အချောအလှစာရင်းဝင်မင်းသမီးကတော့ ဖိလစ်ပိုင်-အမေရိကန်မင်းသမီးမော်ဒယ်လ် Liza Soberano ပဲဖြစ်ပါတယ်။သူမဟာလည်း ဒရာမာဇာတ်ကားတွေ၊အချစ်ဟာသဇာတ်ကားလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသူလေးဖြစ်ပါတယ်။
Selena Gomez
အဆိုတော်မင်းသမီးချော Selena Gomez ဟာလည်း ၂၀၁၉ ရဲ့ တတိယမြောက် အချောအလှလေးဖြစ်နေပါတယ်။Selena Gomez ဟာ အင်စတာဂရမ်မှာ follower အများဆုံးဖြစ်ခဲ့ဖူးသလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အမြဲမပြတ်ရရှိထားသူပါ။မကြာခင်မှာ သူမရဲ့ အယ်လ်ဘမ်သစ်ထွက်ရှိလာဖို့ရှိတယ်လို့လည်းသိရပါတယ်။
Ana de Armas
Cuban မင်းသမီးဖြစ်သလို ဟောလိဝုဒ်မှာပါ နေရာတစ်နေရာရထားပြီးဖြစ်တဲ့ မင်းသမီး Ana de Armas ဟာလည်း ၂၀၁၉ ရဲ့ အချောအလှစာရင်းမှာပါဝင်နေပါတယ်။၂၀၁၉ ရဲ့ နံပါတ်လေးနေရာမှာရှိနေတဲ့ အချောလေးဖြစ်ပါတယ်။
Deepika Padukone
သူမကိုတော့ အားလုံးကသိပြီးသားဖြစ်မှာပါ။ဘောလိဝုဒ်ရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ Deepika Padukone ဟာ အချောဆုံးနံပါတ် ၅ နေရာမှာရှိနေပါတယ်။သူမဟာ အိန္ဒိယမှာပါသာမက ဟောလိဝုဒ်ရုပ်ရှင်တွေမှာပါ ပါဝင်တဲ့ နာမည်ကျော်တစ်ယောက်ဖြစ်ပါတယ်။
Nana Im Jin-Ah
၂၀၁၉ ရဲ့ အချောဆုံးမင်းသမီးစာရင်းမှာပါဝင်နေတဲ့ နောက်တစ်ယောက်ကတော့ ကိုရီးယားအဆိုတော်မင်းသမီးလေး Im Jin Ah ဖြစပါတယ်။သူမကို Nana အဖြစ် လူသိများပါတယ်။သူမကို Kill It ၊ The Swindlers ၊ Roommate စတဲ့နာမည်ကျော်ဇာတ်လမ်းတွဲတွေမှာမြင်တွေ့ရပါတယ်။မကြာခင်မှာလည်းခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်လမ်းတွဲတစ်ခုမှာမြင်တွေ့ရတော့မယ်လို့သိရပါတယ်။
Priyanka Chopra
၂၀၁၉ ရဲ့ အလှဆုံးမင်းသမီးစာရင်းမှာ နံပါတ် ၇ နေရာက ရပ်တည်နေသူကတော့ ပရိသတ်တွေသိပြီးသား ရင်းနှီးချစ်ခင်ပြီးသား မင်းသမီး Priyanka Chopra ပဲဖြစ်ပါတယ်။Priyanka Chopra ဟာ၂၀၁၈ တုန်းကလည်း အာရှရဲ့ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးအဖြစ် ရွေးချယ်ခံရဖူးပါသေးတယ်။
Katherine Langford
13 Reasons Why ဇာတ်ကား မင်းသမီး Katherine Langford ဟာလည်း အသက် ၂၂နှစ်သာရှိသေးပေမဲ့ ပရိသတ်တွေအသိအမှတ်ပြုအားပေးကြတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။၂၀၁၉ ရဲ့ အလှဆုံးမင်းသမီးစာရင်းမှာ သူမက နံပါတ် ၈နေရာကနေ ပါဝင်လာခဲ့တာပါ။
Lin Yun
တရုတ်မင်းသမီး Lin Yun ဟာ သူမရဲ့ တရုတ်နိုင်ငံမှာလည်း နာမည်အကျော်ကြားဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး အခု ၂၀၁၉ မှာဆိုရင် အလှဆုံးမင်းသမီး ၁၀ယောက်ထဲမှာ နံပါတ် ၉ နေရာကနေ ပါဝင်လာခဲ့ပါပြီ။သူမရဲ့ အကျော်ကြားဆုံးဇာတ်ကားကတော့ The Mermaid ဖြစ်ပြီး အချစ်ဟာသဇာတ်ကားတွေ၊နန်းတွင်းဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Emilia Clarke
Game of Thrones ရဲ့ နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Emilia Clarke ကတော့ ၂၀၁၉ ရဲ့ အလှဆုံးမင်းသမီး ၁၀ယောက်ထဲမှာနောက်ဆုံး နံပါတ် ၁၀ နေရာကနေ ပါဝင်လာခဲ့ပါတယ်။သူမဟာ Me Before You ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုရရှိထားသူဖြစ်ပါတယ်။
Facebook Conversations