ဂရင်းနစ်စံချိန်တောင်ဝင်ခဲ့တဲ့ BTS ရဲ့ Map of the Soul: Persona

BTS ကတော့ တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့တွေထဲမှာ အအောင်မြင်ဆုံးအဖွဲ့လို့တောင်ဆိုရမလိုပါပဲ။

ဘာလို့လဲဆိုရင် သူတို့အဖွဲ့ရဲ့နောက်ဆုံးထွက် အယ်လ်ဘမ် Map of the Soul: Persona ဟာ အရောင်းရဆုံးအယ်လ်ဘမ်အဖြစ် ဂရင်းနစ်စံချိန်တင်စာရင်းမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။

ဇွန်လ ၂၅ ရက်နေ့တုန်းက Map of the Soul: Persona အယ်လ်ဘမ်ဟာ တောင်ကိုရီးယားရဲ့သမိုင်းတစ်လျှောက် အရောင်းရဆုံးအယ်လ်ဘမ်အဖြစ်စံချိန်ချိုးနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်အတည်ပြုခဲ့တာဖြစ်ပါတယ်။ဒါဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း ၂၄ နှစ်အတွင်း ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ပထမဆုံးကေပေါ့ပ်အယ်လ်ဘမ်လည်းဖြစ်ပါတယ်။၁၉၉၅ တုန်းက Kim Gun Mo ရဲ့ Mis-Encounter အယ်လ်ဘမ်ဟာ အရောင်းရဆုံးစံချိန်တင်ခဲ့တာဖြစ်ပြီး အခု ၂၀၁၉ မှ BTS ဟာ စံချိန်ချိုးလာနိုင်ခဲ့တာပါ။

BTS ရဲ့ အယ်လ်ဘမ်တွေဟာ တစ်ခုထွက်တိုင်း ပရိသတ်အားပေးမှုများစွာရရှိလာခဲ့တာလည်းဖြစ်ပါတယ်။သူတို့ရဲ့ ပရိသတ်တွေဟာ ကိုရီးယားမှာတင်မက ကမ္ဘာတစ်ဝန်းလုံးမှာရှိနေတာပါ။Map of the Soul: Persona အယ်လ်ဘမ်ဟာဆိုရင်လည်း ဧပြီ ၁၂ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး တစ်လအတွင်းမှာတင် အချပ်ရေ ၃၃၉၉၃၀၂ ချပ်ရောင်းခဲ့ရတာဖြစ်ပါတယ်။ဧပြီ ၁၂ ရက်နေ့က ထွက်ရှိခဲ့ပြီး ဧပြီ ၂၇ မှာတော့ Billboard 200 chart စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တယ်လို့လည်းသိရပါတယ်။

သူတို့ရဲ့အောင်မြင်မှုအတွက် ပရိသတ်တွေကတော့ ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။

Source:Soompi/Billborad

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations