ဘယ်သူလေးလဲ...

နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်သလို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကောင်လေး Shawn Mendes ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူသဘောကျနှစ်သက်ရတဲ့ အနုပညာရှင်က ဘယ်သူလဲဆိုတာ ဟပြောပြခဲ့ပါတယ်။

 Q&A with fans ပွဲမှာ သူသဘောကျတဲ့ Celebrity Crush က ဘယ်သူလဲလို့မေးခံခဲ့ရတာဖြစ်ပြီး Shawn Mendes က "ကျွန်တော်အခုထိ Emma Watson ကို ရင်ခုန်သဘောကျနေဆဲပါ"လို့သူ့ပရိသတ်တွေကိုဖြေကြားခဲ့ပါတယ်။

အသက် ၂၀ အရွယ်အဆိုတော်ကောင်လေးဟာ အသက် ၂၉ နှစ်အရွယ်မင်းသမီးချောလေး Emma Watson ကို Crush လာတာ အတော်လေးကြာပြီဆိုရမှာပါပဲ။Shawn ဟာ ၂၀၁၆ ဒီဇင်ဘာတုန်းကလည်း Emma Watson ကိုသဘောကျကြောင်းတွစ်တာကနေတစ်ဆင့်ဝန်ခံခဲ့ဖူးပါတယ်။အခုထိလည်းသူ့ရဲ့ အချစ်တွေဟာ Emma Watson အပေါ်ကျန်ရှိနေသေးတယ်လို့ ပရိသတ်တွေကိုဝန်ခံခဲ့တာဖြစ်ပါတယ်။

Emma Watson ဟာ Harry Potter  ဇာတ်လမ်းတွဲကစလို့လူငယ်ပရိသတ်အများစုရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်ခဲ့တဲ့မင်းသမီးချောလေးဖြစ်ပါတယ်။အခုလက်ရှိမှာတော့ Emma Watson ဟာ Little Women ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကျော်အနုပညာရှင်များစွာပါဝင်ထားတဲ့Little Women ဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ဆို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Shawn Mendes ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက Camila Cabello နဲ့တွဲဖက်ရိုက်ကူးသီဆိုထားတဲ့ Señorita သီချင်းသစ်လေးကို ပရိသတ်ရှေ့ချပြခဲ့ပြီးပါပြီ။နားမထောင်ရသေးတဲ့ပရိသတ်တွေအတွက် Shawn Mendes နဲ့ Camila Cabello တို့ရဲ့ Señorita သီချင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations