အနုပညာဆိုတာ ဖန်တီးမှုကောင်းရင် ဘယ်နေရာမဆို ဘယ်ပစ္စည်းအရာဝတ္ထုမျိုးမဆို လက်ရာကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဂျပန်နိုင်ငံက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Akie Nakata ဆိုသူ အမျိုးသမီးဟာ မြစ်ကမ်းဘေးကိုရောက်တိုင်း မတူညီတဲ့ကျောက်တုံးတွေကိုရှာဖွေလေ့ရှိတယ်။ပြီးရင် သူမဟာ အဲ့ဒီကျောက်တုံးလေးတွေဟာ ချစ်စရာတိရစ္ဆာန်အကောင်လေးတွေအသွင်၊အသက်ရှိနေတဲ့တိရစ္ဆာန်လေးတွေသဖွယ်ပြောင်းလဲလေ့ရှိပါတယ်။အစစ်နဲ့တူလွန်းလို့ မှားလောက်စရာပါပဲ။ဒါပေမဲ့ တကယ်အစစ်မဟုတ်ပါဘူး။ကျောက်တုံးလေးတွေပါ! သူမရဲ့ လက်ရာဘယ်လောက်ပြောင်မြောက်လဲဆိုတာ ကြည့်လိုက်ပါဦး
Facebook Conversations