Stormi လေးရဲ့ ပထမဆုံးမဂ္ဂဇင်းကာဗာ

နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်မလေး Kylie Jenner နဲ့ ရက်ပ်အဆိုတော် Travis Scott တို့ရဲ့အသက် ၁ နှစ်အရွယ်သမီးလေး Stormi Webster ဟာ Harper's Bazaar မဂ္ဂဇင်းကာဗာမှာ သူမရဲ့ အမေ Kylie ၊သူမရဲ့အဘွား  Kris Jenner တို့နဲ့အတူ ပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒါဟာ သူမရဲ့ ပထမဆုံးအကြိမ် မဂ္ဂဇင်းကာဗာရိုက်ကူးမှုလည်းဖြစ်ပါတယ်။

တကယ်တော့ အစတုန်းက Kylie Jenner နဲ့ Kris Jenner တို့ပဲ မဂ္ဂဇင်းကာဗာသုံးခုရိုက်ကူးဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Kylie က Stormi လေးကို ဓာတ်ပုံရိုက်ကွင်းခေါ်လာခဲ့ပြီး Dolce & Gabanna baby dress လေး ၀တ်ပေးချိန်မှာသူမနဲ့ Kris တို့ဝတ်ဆင်ထားတဲ့ ဒီဇိုင်းနဲ့ဆင်တူနေခဲ့ပါတယ်။အဲ့ဒီမှာ Kylie က Stormi လေးနဲ့အတူ မဂ္ဂဇင်းကာဗာရိုက်ဖို့စီစဉ်လိုက်တာပဲဖြစ်ပါတယ်။

Kardashian-Jenner မိသားစုရဲ့အငယ်ဆုံးမိသားစုဝင်လေး Stormi Webster ဟာ မွေးစကတည်းက ချစ်စရာအပြုအမူလေးတွေနဲ့ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားသူလေးဖြစ်ပါတယ်။သူမရဲ့ချစ်စရာဗီဒီယိုလေးတွေ၊အပြုအမူလေးတွေကို Kylie Jenner ဟာ သူမရဲ့ အင်စတာဂရမ်မှာအမြဲတမ်းတင်ပေးလေ့ရှိပါတယ်။

အခုလည်း Harper's Bazaar  မဂ္ဂဇင်းပုံရိပ်တွေကို သူမရဲ့ အင်စတာဂရမ်မှာ ပြန်တင်ပေးခဲ့တာပါ။ချစ်စရာ Stormi လေးရဲ့ ပုံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations