မကြာခင်ထွက်ရှိလာတော့မယ့် ဇာတ်ကားသစ်လေး

နာမည်ကျော်တောင်ကိုရီးယားမင်းသား Jo Jung-suk နဲ့ Girls' Generation အဖွဲ့ဝင် YoonA တို့ရဲ့ "Exit" ရုပ်ရှင်ဇာတ်ကားသစ်ဟာ မကြာခင်ပရိသတ်တွေရှေ့မှောက်ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒါရိုက်တာ Lee Sang Geun ရိုက်ကူးထားတဲ့ "Exit"ဇာတ်ကားဟာ မမျှော်လင့်ပဲဖြစ်ပေါ်ခဲ့တဲ့ဘေးအန္တရာယ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတဲ့သူတွေအကြောင်းပုံဖော်ထားတဲ့အက်ရှင်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Jo Jung Suk ဟာ နှစ်များစွာကြာတဲ့အထိ အလုပ်မလုပ်ပဲနေနေတဲ့ Yong Nam အဖြစ်သရုပ်ဆောင်ထားပြီး YoonA ကိုတော့ Yong Nam နဲ့ တက္ကသိုလ်အတူတက်ခဲ့တဲ့ကျောင်းနေဖက်တစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။Yong Nam တစ်ယောက်သူ့အမေရဲ့ အသက် ၇၀ ပြည့်မွေးနေ့ကိုကျင်းပပေးနေတဲ့အချိန် ကျောင်းနေဖက်မိန်းကလေးကိုပြန်တွေ့ခဲ့ပြီး အဲ့ဒီအချိန်မှာပဲ မြို့ထဲကို အဆိပ်ရှိဓာတ်ငွေ့တွေပျံ့နှံ့လာခဲ့ပါတယ်။သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲဆိုတာ စိတ်ဝင်တစားရယ်ရယ်မောမောကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲမှာထွက်ရှိလာမှာတော့ သေချာပြီးဘယ်နေ့ဘယ်ရက်ထွက်ရှိလာမလဲဆိုတာကိုတော့ သေချာကြေညာထားခြင်းမရှိသေးပါဘူး။ပရိသတ်တွေ ကြည့်ရှုခံစားနိုင်အောင် Trailer လေးပြန်လည်ဖော်ပြပေးလိုက်ပါတယ်။စောင့်မျှော်အားပေးဖို့လည်း မမေ့နဲ့ဦးနော် 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations